ဝက်အသဲ ဆီပြန်ချက်စားမယ်

//s9.kh1.co/00/007a212d2a35d028f1615f3891e2aebb765548d9.jpg
MPT Lifestyle

 ၀၈-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဝက်အသဲဆီပြန်ချက်စားမယ်

အသီးအရွက်တွေထက် ဗီတာမင်ကြွယ်ဝတဲ့အသဲကိုတော့မစားတဲ့သူအတော်ရှားပါတယ်။ ပရိုတင်းဓာတ် ၊သံဓာတ်နဲ့ဗီတာမင် ဘီ တွေအများအပြားပါဝင်တဲ့အသဲလေးကိုမှ စားချင်တဲ့သူတွေအတွက် ဝက်အသဲဆီပြန် ချက်နည်းလေးပြောပြပေးမှာပဲဖြစ်ပါတယ်။ အရသာလည်းရှိအားအင်လည်းပြည့်လို့အတူချက်စားကြည့်ကြရ အောင်နော်

ပါဝင်ပစ္စည်းတွေကတော့-

ဝက်အသဲ/ကြက်သွန်ဖြူ၊နီ၊ဂျင်း/ခရမ်းချဉ်သီး

နံနံပင်/ငရုပ်သီးစိမ်း တို့လိုအပ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/76/766822276085778d93440826aee0a3fad7c51a5d.jpg

ဝက်အသဲကို ဆားဖြင့်နယ်ကာ ရေစင်အောင်ဆေးပြီး နေတော်အတုံးငယ်များတုံးထား၍ရေစစ်ထားပါ။ ကြက်သွန်ဖြူ၊ဂျင်းတို့ကို ရေဆေးကာညက်အောင်ထောင်းထားပြီးငရုပ်သီး၊ နံနံပင်တို့ကို ရေဆေးကာ ကတ်ကြေးဖြင့် နုတ်နုတ်ညှပ်ထားပါ။ အတုံးများတုံးထားသော ဝက်အသဲကို ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ နနွင်မှုန့်အနည်းငယ်၊ ကြက်သွန်ဖြူ၊ဂျင်းအနည်းငယ်ဖြင်နယ်ကာ အရသာသွင်းထားပါ။ ခရမ်းချဉ်သီးအမှည့်ကို အတုံးငယ်များတုံးထား ပြီးကြက်သွန်နီကိုပါးပါးလှီးထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/8b/8bdccc97759e786a005c1cbc9ec8be2be70a24ce.jpg

ကြက်သွန်ဖြူ၊ဂျင်းတို့ကို အရောင်အနည်းငယ်ထည့်ကာဆီသတ်ပြီး ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ထည့်ကာ အနှစ် ကျအောင်ချက်ပါ။ခရမ်းချဉ်သီးအနှစ်ရပါက အရသာထည့်ထားသော ဝက်အသဲနဲ့ ရှာလကာရည်အနည်းငယ် ထည့်ကာ မိနစ် အနည်းငယ်အထက်အောက်မွှေပေးပါ။ မိနစ်အနည်းငယ်မွှေပြီးပါက မဆလာထည့်ကာ ဝက်အသဲတို့ နူးသည်အထိ ရေထည့်ပြီး ရေခမ်းကာဆီပြန်လာသည်အထိချက်ပါ။ ဝက်သဲတို့နူးကာ ဆီပြန် လာပါက အရသာလိုအပ်သလိုပြင်ကာ  နံနံပင်၊ ငရုပ်သီးစိမ်းတို့ထည့်ပြီး မိနစ်အနည်းငယ်အုပ်ထားပြီးပါက သုံးဆောင်နိုင်ပါပြီ

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T