
Shoulder off ဖြစ်ပြီးတော့ ပုခုံးမှာအထိန်းကြိုးလေးတွေပါတတ်တဲ့ ရင်ပြတ်ဒီဇိုင်းလေးတွေဟာ အရင်ကတည်းကမတူညီတဲ့ပုံစံတွေနှင့် မိန်းကလေးတွေကြားမှာနာမည်ကြီးခဲ့တဲ့ဖက်ရှင်ဖြစ်ပါတယ်။

ဒီလိုအင်္ကျီမျိုးကတော့ လည်ပင်းကိုပုခုံးနားလောက်ထိကျယ်အောင်ဒီဇိုင်းလုပ်ထားတဲ့ပုံစံပါ။ ပုခုံးလိုင်းနှင့်လည်တိုင်ရဲ့အလှကိုသေသေချာချာဖော်ပြပေးနိုင်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။

အရင်ကတည်းကခေတ်စားခဲ့ပြီး အခုချိန်ထိလည်း လူငယ်ဖက်ရှင်တစ်ခုအနေနှင့် သတ်မှတ်ခံထားရတဲ့ ပုခုံးတစ်ဖက်မပါတဲ့ ရင်ပြတ်အင်္ကျီတွေဟာအမြဲတမ်းခေတ်မှီနေတဲ့ဒီဇိုင်းတွေဖြစ်ပါတယ်။

ဒီလိုရင်ပြတ်ပုံစံတွေကတော့ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာမှ အတော်လေးရေပန်းစားလာခဲ့တဲ့ ဖက်ရှင်ပုံစံပါ။ လက်အတိုအရှည်တွေအပြင် ဒီဇိုင်းတွေပါမတူညီတာတွေရှိပေမဲ့ ဒီလို ဒီဇိုင်းတွေဟာလူငယ်ဆန်ပြီး ခေတ်မှီတဲ့အပြင် တွဲဝတ်ရမယ့်ဖက်ရှင်လည်းသိပ်မရွေးတာကြောင့် အဆင်ပြေတဲ့ဒီဇိုင်းဖြစ်ပါတယ်။

V လိုင်းလည်ပင်းနှင့်ဒီလိုဒီဇိုင်းတွေကတော့ အင်္ကျီအဖြစ်သာမက ပွဲတက်ဂါဝန်ရှည်တွေမှာပါတွေ့ရလေ့ရှိတဲ့ဒီဇိုင်းဖြစ်ပါတယ်။ အင်္ကျီအနေနှင့်လည်းလူကြိုက်များတဲ့ ဒီလိုပုံစံတွေဟာ လူငယ်တွေသာမက သက်လတ်ပိုင်းအမျိုးသမီးတွေပါအဝတ်များကြပါတယ်။

နှစ်ထပ်အင်္ကျီပုံစံ Shoulder off တွေဟာ အသားဖော်ရတာသဘောမကျတဲ့သူတွေအတွက် ပုခုံးလိုင်းနှင့်လည်တိုင်အလှကိုဖော်ပြပေးနိုင်တဲ့ ဒီဇိုင်းပုံစံဖြစ်ပါတယ်။