အာဟာရပြည့်ဝတဲ့ အုတ်ဂျုံကိတ်လေး လုပ်စားကြရအောင်

//s9.kh1.co/8e/8e7941bebcdb50962fcb957c50adc2b39b9d1648.jpg
MPT Lifestyle

 ၀၇-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၆ လ က

အာဟာရပြည့်ဝတဲ့အုတ်ဂျုံကိတ်လေးလုပ်စားကြရအောင်

ထမင်းစားပျက်တဲ့အချိန်မှာပဲဖြစ်ဖြစ် အပြင်မုန့်တွေမစားခြင်တဲ့အချိန်မှာပဲဖြစ်ဖြစ်အာဟာရပြည့်ဝပြီးအရသာရှိ တဲ့ အုတ်ဂျုံကိတ်လေးတွေလုပ်စားကြရအောင်နော်...ကလေးတွေအတွက်ဖြစ်စေ၊သက်ကြီးရွယ်အိုတွေအတွက် ဖြစ်စေ ကိုယ်တိုင်စားဖို့ဖြစ်စေလုပ်စားသင်တဲ့မှုန့်တစ်မျိုးဖြစ်လို့ လုပ်နည်းလေးလာပြောပြပေးတာပဲဖြစ်ပါ တယ်။ပါဝင်ပစ္စည်းမများပဲ လုပ်ရမခက်ခဲသလိုကျန်းမာရေးနဲ့ညီညွတ်လို့အတူလုပ်စားကြည့်ရအောင်နော်

ပါဝင်ပစ္စည်းတွေကတော့-

အုတ်ဂျုံ၊ငှက်ပျောသီး/နွားနို့၊ကြက်ဥ/သကြားအနည်းငယ်၊ပျားရည်(သို့)ဒိန်ချဉ် တို့လိုအပ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7b/7bb42ced4744e519f644a2d043c863730f3bf784.jpg

ဆူအောင်ကြိုထားသောနွားနို့ ကိုအအေးခံထားပြီးအနေတော် အနေအထားရပါကအုတ်ဂျုံထည့်ကာ ၁၀ မိနစ်ခန့် နှပ်ထားပါ။ ငှက်ပျောသီးကို ခက်ရင်းဖြင့်ချေကာပန်းကန်တစ်လုံးမှာထည့်ထားပါ။ကြက်ဥကိုလည်း ပန်းကန်တစ် လုံးထဲသို့ဖောက်ထည့်ထားပါ။နှပ်ထားသော အုတ်ဂျုံထဲသို့ ချေထားသောငှက်ပျောသီး၊ကြက်ဥတို့နဲ့ သကြားမိမိ လိုအပ်သလောက်ထည့်ကာသမအောင်မွှေပေးပါ

https://s9.kh1.co/__image/w=650,h=342,q=100/c5/c5de60fb14621988af94b7f288c296f7ce1134a9.jpg

ဒယ်အိုးကိုဆီအနည်းငယ်သုတ်လိမ်းကာဆီပူအောင်အပူပေးပါ။ ဆီပူလာပါက သမအောင်မွှေထားသော အုတ်ဂျုံ ကိုမိမိနှစ်သက်သောအနေတော်အခုငယ်များပြုလုပ်ကာအပူပေးပါ။ မုန့်တို့ကိုမျက်နှာပြင် နှစ်ဖက် ရဲလာသည် အထိတစ်ဖက်ချင်းစီလှန်ကာအပူပေးပါ။မုန့်မျက်နှာပြင်တို့ရွှေရောင်သန်းလာသည်ဖြစ်စေ မိမိနှစ်သက်သော အနေအထားရောက်သည်ဖြစ်စေဆယ်ယူကာအအေးခံထားပါ။ မုန့်တို့အေးပါက ပျားရည်ဖြင့် သော် လည်ကောင်း၊ဒိန်ချဉ်ဖြင့်သော်လည်ကောင်း၊မိမိနှစ်သက်ရာသစ်သီးတို့ဖြင့်သော်လည်ကောင်းတွဲဖက်စားနိုင်တဲ့ အာဟာရပြည့်ဝတဲ့အုတ်ဂျုံကိတ်လေးရရှိပြီပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/db/db835a71053abdc5e2d803097a24fce56bde6e56.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T