အလုပ်ထွက်တော့မယ်ဆိုရင်

//s9.kh1.co/bb/bb6aece42c0c5d7c1ae4c207ce8022c7eec6efae.jpg
MPT Lifestyle

 ၀၅-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

အလုပ်ထွက်တော့မယ်ဆိုရင်

ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကနေပြီးနှုတ်ထွက်တော့မယ်ဆိုရင် အလုပ်အပေါ်တာဝန်ယူမှုရှိဖို့လိုအပ်ပါတယ်။ အလုပ်ထွက်စာကို အချိန်တစ်ခုပေးပြီးတင်ထားတာ လုပ်ဖော်ကိုင်ဖက်တွေအဆင်ပြေအောင် လုပ်လက်စအလုပ်တွေဖြတ်ခဲ့ပေးတာမျိုးဟာ အခြေခံယဥ်ကျေးမှုဖြစ်ပါတယ်။ အလုပ်ထွက်ဖို့မသေချာသေးတဲ့အချိန်မှာ အလုပ်ထွက်ကြောင်းတွေပြောထားတာမလုပ်ဘဲ တစ်ကယ်ထွက်ပြီဆိုမှပြောသင့်ပါတယ်။

https://s9.kh1.co/__image/w=564,h=406,q=100/e1/e1a2d15c1b57239e2e500611aa623efabe58a5f9.png

မသေချာသေးဘဲ ကြိုပြောထားခြင်းဟာ  အလုပ်ခွင်ကိုထိခိုက်မှုဖြစ်လာစေသလို မကောင်းတဲ့အဖြစ်အပျက်တွေကိုဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အလုပ်ထွက်တော့မယ်ဆိုတဲ့စိတ်နှင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့မကောင်းကြောင်းနှင့်အတင်းတွေကိုပြောတာမျိုးကိုလည်းရှောင်ကြဥ်သင့်ပါတယ်။ ဒီလိုတွေပြောခြင်းဟာ လုပ်ငန်းခွင်အတွင်းဆက်ဆံရေးကိုထိခိုက်လာစေပြီးတော့ မကောင်းတဲ့ရလာဒ်တွေကိုပဲဖြစ်လာစေပါလိမ့်မယ်။

https://s9.kh1.co/__image/w=564,h=376,q=100/2a/2a448ab4090ad38af9d2250889ba68bfb266e6e7.png

ဒါ့အပြင် အလုပ်ထွက်တော့မယ်လို့ဆုံးဖြတ်ချက်ချပြီးသွားရင် ကိုယ့်စိတ်ကိုသေချာဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ သေချာအောင်စိတ်ဆုံးဖြတ်ပြီးရင် သက်ဆိုင်ရာလူကြီးကိုပြောပြီးတော့ သတ်မှတ်စည်းကမ်းနှင့်အညီအလုပ်ထွက်သင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/ec/ecd7bc47d439c9223f18deab7729f78337639eee.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T