
ပန်းအများစုပွင့်ပြီးရာသီဥတုသာယာတဲ့ နွေဦးမှာ အစိမ်းရောင်အဖျော့လေးတွေကိုဝတ်ဆင်ခြင်းဟာ ပတ်ဝန်းကျင်နှင့်လိုက်ဖက်မှုရှိသလို နုပျိုလန်းဆန်းတဲ့အငွေ့အသက်ကိုလည်းပေးစွမ်းနိုင်ပါတယ်။ ပန်းပွင့်ပုံပါတဲ့ Top လေးတွေနှင့်တွဲဖက်ဝတ်ဆင်လိုက်ရင် ကိုယ်တိုင်ပန်းတစ်ပွင့်ဖြစ်သွားတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။

ခရမ်းဖျော့နှင့်လာဗင်ဒါခရမ်းရောင်တွေဟာ နွေဦးမှာမဝတ်မနေ ဝတ်သင့်တဲ့အရောင်တွေပါ။ အရောင်လွင်ပြီးလှတဲ့အပြင် နွေဦးလိုမျိုးလန်းဆန်းပြီးတက်ကြွတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။

ပန်းရောင်ဖျော့လေးတွေကလည်း နွေဦးရဲ့အမှတ်အသားအရောင်လေးတွေဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပုံရိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့ နွေဦးမှာ ပန်းရောင်ဝတ်စုံလေးတွေကတစ်ကယ်အဆင်ပြေတဲ့ဖက်ရှင်လေးတွေဖြစ်ပါတယ်။ ပန်းရောင်ဘောင်းဘီ ဂါဝန်အစရှိတဲ့ဒီဇိုင်းမျိုးစုံနှင့်လိုက်ဖက်မယ့်အရောင်ဖြစ်ပါတယ်။

ပန်းပွင့်လေးတွေကြီးစိုးတဲ့နွေဦးမှာ ကိုယ်တိုင်ကပန်းပွင့်လေးလိုလှချင်နေတဲ့ ကောင်မလေးတို့အတွက် အဝါဖျော့ရောင်ဖက်ရှင်လေးတွေက ကွက်တိဖြစ်နေမှာပါ။

လိမ္မော်ရောင်ကလည်း ပုံမှန်အားဖြင့်သိပ်ဝတ်လေ့မရှိကြပေမဲ့ နွေဦးမှာတော့ လိမ္မောရောင်ဖက်ရှင်လေးတွေဟာ တစ်ကယ့်ကိုရေပန်းစားလေ့ရှိတဲ့ဖက်ရှင်တွေဖြစ်ပါတယ်။

အပြာနုရောင်နှင့်ကောင်းကင်ပြာရောင် တွေဟာလည်း နွေဦးနှင့်လိုက်ဖက်ပြီးတော့ လူငယ်တွေသဘောကျတဲ့အရောင်ဖြစ်ပါတယ်။ လန်းဆန်းပြီး အေးဆေးတဲ့ခံစားချက်ကိုပေးတဲ့အပြင် Outfit မရွေးတာကြောင့် ဖက်ရှင်ချစ်သူတွေကြားနာမည်ကြီးတဲ့အရောင်ဖြစ်ပါတယ်။