လက်သည်းကိုအမြဲတမ်းအရောင်ဆိုး ကော်ကပ်လုပ်နေရတဲ့မိန်းကလေးတွေအတွက် နဂိုလက်သည်းခွံကျန်းမာဖို့ဟာ အရေးကြီးပါတယ်။ မူရင်းလက်သည်းခွံကျန်းမာမှသာ လက်သည်းအလှဆင်တဲ့အချိန်လှလှပပထွက်လာနိုင်မှာဖြစ်ပါတယ်။

လက်သည်းတွေကျန်းမာဖို့အတွက် အရေးကြီးဆုံးက ခန္ဓာကိုယ်အတွက်ကျန်းမာတဲ့အစားအသောက်ဖြစ်ပါတယ်။ ရေများများသောက်ပြီးတော့ ဗီတာမင်ဘီကိုပုံမှန်သောက်ပေးခြင်းကလည်း လက်သည်းကိုပိုကျန်းမာလာစေမှာပါ။ လူအများစုဟာ လက်သည်းကိုအရောင်ဆိုးထားရင် လက်သည်းပိုမာလာတယ်လို့ထင်ကြပေမဲ့ အမှန်တော့ လက်သည်းဆိုးခြင်းက လက်သည်းကျန်းမာရေးကိုအထောက်အကူပေးခြင်းမရှိပါဘူး။

လက်သည်းရှည်တွေလအတော်ကြာထားခြင်းကလည်း လက်သည်းခွံကို ပိုပြီးပျော့လာစေတာကြောင့် သင့်တော်တဲ့အရှည်လောက်ပဲထားသင့်ပါတယ်။ မီးဖိုချောင်ဝင်တဲ့အချိန်တွေမှာ လက်အိတ်ကိုပုံမှန်ဝတ်ပြီးတော့ အယ်လ်ကိုဟောပါဝင်တဲ့လက်ဆေးရည်တွေကိုမကြာခဏအသုံးပြုခြင်းကိုလည်းရှောင်ကြဥ်သင့်ပါတယ်။ ဒီလိုနည်းလမ်းတွေနှင့် လက်သည်းတွေရဲ့ကျန်းမာရေးကိုမထိခိုက်အောင် ဂရုတစိုက်ကာကွယ်နိုင်ပါတယ်။
