အစာလဲဆေး၊ဆေးလဲအစာ ဆိုတဲ့ဆိုရိုးစကားအတိုင်းအစားအစာအများစုဟာလူတွေအတွက် ဆေးဖက်ဝင်တာ ကိုတွေ့ရပါတယ်။ အခုတစ်ခါတော့ မျက်စိနဲ့ အာရုံကြောကိုများစွာအထောက်အကူဖြစ်ရုံသာအက အသားအရေ အတွက်ပါကောင်တဲ့ ဥနီကိုကြော်မစားဘဲ ချဉ်စပ်လေးသုပ်စားရအောင်သုပ်နည်းလေး ပြောပြပေးမှာပဲ ဖြစ်ပါ တယ်။ ဥနီသုပ်လေးသုပ်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေကတော့-
မုန်လာဥနီ
ကြက်သွန်ဖြူ/(သခွားသီး၊ ပဲတောင့်ရှည်)
ပဲကျက်မှုန့်/အာလူး/မြေပဲကြော်/သံပုရာသီး၊ငရုပ်သီး တို့လိုအပ်ပါတယ်

ဥနီကို ရေစင်အောင်ဆေးကာ ခြစ်ဖြင့်ခြစ်ထားပါ။ အာလူးကို ရေနွေးဆူဆူတွင်နူးအောင်ပြုတ်ထားကာ အခြားသော ပဲသီး ၊ သခွားသီးတို့ရှိပါက ရေစင်အောင်ဆေးပြီး သခွားသီးကိုခြစ်ဖြင့်ခြစ်ကာ ပဲသီးကို ဓားဖြင့်ပါးပါးလှီးထားပါ။ မြေပဲကြော်ကို ညက်အောင်ထောင်းထားပြီး ငရုပ်သီးကိုလည်းဓားဖြင့် ပါးပါးလှီး ထားပါ။ ကြက်သွန်ဖြူကို နနွင်းမှုန့်အနည်းငယ်ဖြင့်ဆီသတ်ကာ ဆီဝါလုပ်ထားပါ

ခြစ်ဖြင့်ခြစ်ထားသောဥနီ၊ (သခွားသီး၊ ပဲသီး) တို့ကို ပန်ကန်တစ်လုံးတွင်ထည့်ပါ။ဥနီပန်းကန်ထဲသို့ ဆား၊ ပဲငံပြာရည်၊ အရသာမှုန့်၊ ပဲကျက်မှုန့်၊ အာလူးပြုတ်၊ မြေပဲကြော်ထောင်းအနည်းငယ်၊ငရုပ်သီးလိုအပ်သလောက်၊ သံပုရာရည်အနည်းငယ်၊ ဆီဝါ တို့ကိုထည့်ကာသမအောင်နယ်ပါ။ ပါဝင်ပစ္စည်းများသမပါက အရသာအပေါ့ အငံ မြည်းကာ ကျန်သော မြေပဲကြော်ထောင်းဖြူးကာသုံးဆောင်နိုင်ပါပြီ