
ဆွယ်တာအပွတွေနှင့် ပိုးသားအပျော့စကပ်အရှည်တွေကိုတွဲဖက်ဝတ်ဆင်ထားတဲ့ဖက်ရှင်ဟာလည်း လူငယ်ဆန်တယ်ထင်ရပေမဲ့ အတော်လေးအမြင်လှတဲ့ဖက်ရှင်တစ်ခုပါ။ အထူးသဖြင့် လုပ်ငန်းခွင်ဝင်နေရတဲ့အမျိုးသမီးတွေအတွက် တော်တော်လေးသင့်တော်တဲ့ဖက်ရှင်ဖြစ်ပါတယ်။

ဘာဂျာစကပ်အရှည်ကြီးတွေဟာ ဆွယ်တာနှင့်လိုက်ဖက်မယ့်ပုံမပေါ်ပေမဲ့ ဝတ်ဆင်လိုက်ရင် အတော်လေးလိုက်ဖက်ပြီးတော့ ဝတ်ဆင်သူကိုတည်ငြိမ်တဲ့ပုံပေါ်စေတဲ့အတွဲအစပ်ဖြစ်ပါတယ်။ အထူးသဖြင့် လူလတ်ပိုင်းအရွယ်အမျိုးသမီးတွေအတွက် သင့်တော်တဲ့ဖက်ရှင်ပါ။

ဆွယ်တာကို မီနီစကပ်လေးတွေနှင့်ဝတ်တာကလည်းပဲ အတော်လေးချစ်ဖို့ကောင်းပြီးလူငယ်ဆန်တဲ့ဖက်ရှင်ဖြစ်ပါတယ်။ မီနစ်စကပ်လေးတွေအပြင် တင်းနစ်စကပ်အကားလေးတွေနှင့်ဝတ်ဆင်တာကလည်း လူငယ်တွေကြားခေတ်စားတဲ့ဖက်ရှင်အတွဲအစပ်တစ်ခုဖြစ်ပါတယ်။

ဆွယ်တာအပွကြီးတွေကို Skinny ဂျင်းတွေနှင့်တွဲဝတ်ပြီးတော့ ဆောင်းအငွေ့အသက်အပြည့်ပါတဲ့ Boot အရှည်တွေစီးလိုက်တာက ဆောင်းရာသီရဲ့အမှတ်အသားဖက်ရှင်တစ်ခုပါ။ သက်လတ်ပိုင်းအမျိုးသမီးအတွက်ပိုလိုက်ဖက်တဲ့ဖက်ရှင်ဖြစ်ပေမဲ့ လူငယ်တွေအတွက်လည်းအမြင်ဆန်းတဲ့ဖက်ရှင်တစ်ခုအဖြစ်ရွေးချယ်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာ ပြန်ခေတ်စားလာတဲ့ ပုံစံ ဂျင်းအောက်ကားဘောင်းဘီတွေကလည်း ဆွယ်တာအပွကြီးတွေနှင့်အတော်လေးလိုက်ဖက်တဲ့ဖက်ရှင်ဖြစ်ပါတယ်။

ဂျင်းစကပ်အရှည်တွေကလည်း ဆွယ်တာဖက်ရှင်တွေဖန်တီးမယ်ဆိုရင် မမေ့မလျော့ပါဝင်သင့်တဲ့ item တွေဖြစ်ပါတယ်။