မိန်းကလေးတို့အတွက် အလွယ်တကူလုပ်နိုင်မယ့် အိပ်ခန်းအတွင်းအလှဆင်နည်းလမ်းများ

//s9.kh1.co/07/0742d5ec0fe273587d51f2447d22c826a8a01ce7.jpg
MPT Lifestyle

 ၂၃-ဇန်-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

မိန်းကလေးတို့အတွက် အလွယ်တကူလုပ်နိုင်မယ့် အိပ်ခန်းအတွင်းအလှဆင်နည်းလမ်းများ

အိပ်ခန်းအတွင်းပိုင်းအလှဆင်မယ်ဆိုရင် ပထမဆုံးအနေနှင့်လုပ်ဖို့လိုအပ်တာကတော့ မလိုအပ်တဲ့အဝတ်အစားတွေကိုထုတ်ပစ်ခြင်းပါပဲ။ မလိုအပ်တဲ့အသုံးအဆောင်နှင့် ပစ္စည်းတွေကိုပစ်ထုတ်လိုက်တာက အခန်းလှလှလေးတစ်ခုရဖို့ပိုပြီးလွယ်ကူသွားစေနိုင်ပါတယ်။ ပထမဆုံးအလှဆင်ဖို့အတွက် အိပ်ရာခင်းအစုံလိုက်လိိုအပ်ပါတယ်။ ဖြစ်နိုင်ရင် အရောင်ဆင်တူပြီးပုံစံပါတူတဲ့ အိပ်ရာခင်းအစုံလိုက်ဖြစ်ရင်ပိုပြီးလှပတဲ့အခန်းလေးဖြစ်စေနိုင်မှာပါ။ 

https://s9.kh1.co/__image/w=564,h=564,q=100/b3/b361f4acf52fecb4da53566b47489a0b6b90f1fe.png

ဒါ့အပြင် အခန်းထဲမှာအသုံးပြုမယ့် ဖျာနှင့်အခင်းတွေကိုလည်း သေချာရွေးချယ်ဖို့လိုအပ်ပါတယ်၊။ အခင်းကို အခန်းနံရံနှင့် လိုက်ဖက်တာရွေးချယ်တတ်ရပါမယ်။ အခင်းနှင့်အိပ်ရာကိုရွေးချယ်ပြီးသွားရင် အခန်းထဲမှာအလှဆင်ဖို့ပရိဘောဂတွေကိုရွေးချယ်ရပါမယ်။ အခန်းကျဥ်းတယ်ဆိုရင် ပရိဘောဂတွေကိုအသေးစားလေးတွေပဲထည့်ပြီး အခန်းကိုပိုကျယ်သွားသယောင်ဖြစ်အောင်လုပ်နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=744,q=100/e1/e1e3ea44e3d3e0ed984a26b85df75515fc6884dc.png

အခန်းတွင်းကနံရံတွေကိုအလွတ်အတိုင်းမထားဘဲ ပိုစတာနှင့်ဓာတ်ပုံ ပန်းချီတွေထားခြင်းက အခန်းတွင်းကိုပိုပြီးလှသွားစေမှာပါ။ ဒါ့အပြင် အခန်းအတွင်းမှာ အိမ်တွင်းအပင်လေးတွေစိုက်ထားခြင်းကလည်း အခန်းကိုပိုလှစေသလို ခံစားချက်ကိုလည်းကောင်းစေမှာပါ။ အခန်းကိုနေရောင်ခြည်ကောင်းကောင်းရအောင်ပြင်ဆင်ပြီး ညဖက်မှာဆိုရင် မီးသီးလေးတွေကိုလှနေအောင် အလှဆင်ဖို့လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/a6/a63324613ce00034ea2d25f866b21dbab6830bf4.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T