ပေါင်မုန့်ကြက်ဥ ကိုပုံစံတစ်မျိုးလေးကြော်စားရအောင်

//s9.kh1.co/b5/b5123e78fa5c5f32fb8beaa6212019222f745caf.jpg
MPT Lifestyle

 ၁၉-ဇန်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ပေါင်မုန့်ကြက်ဥကိုပုံစံတစ်မျိုးလေးကြော်စားရအောင်

ဒီတစ်ခါတော့မနက်စာအတွက်ခက်ခဲနေတဲ့သူတွေနဲ့ ဘိုးဘွားတွေ၊ကလေးတွေအတွက် မနက်စာပြင်ပေးနေရတဲ့ အိမ်ရှင်မတို့အတွက် လုပ်ရလွယ်ကူတဲ့ပေါင်မုန့်ကြက်ဥကြော်နည်းလေးပြောပြပေးမယ်နော်။ ပေါင်မုန့်ကြက်ဥကို ကြော်နေကျအတိုင်မဟုတ်ပဲငှက်ပျောသီးလေးနဲ့စားချင်စရာကောင်းအောင် အတူကြော်ကြည့်မယ်

https://s9.kh1.co/__image/w=650,h=342,q=100/96/96dfee7dc825ebbe3b2893cff4c4aac6a9ed6a38.jpg

ပါဝင်ပစ္စည်းတွေကတော့-

ပေါင်မုန့်၊ /ကြက်ဥ/ငှက်ပျောသီး

သကြားအနည်းငယ်/နွားနို့အနည်းငယ် တို့ဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/46/46060437085e5a097a783973d2d49f7d8c337320.jpg

ပေါင်မုန့်ကို ဘေးသားအမာများချန်ပြီးအတွင်းသားကိုမပျက်စီးဘဲ စတုရန်းပုံအသားရအောင်စနစ်တကျလှီးထုတ် ပါ။ကြက်ဥကို ပန်ကန်တစ်လုံးမှာဖောက်ထည့်ကာ ဆားအနည်းငယ်၊နွားနို့အနည်းငယ်၊ အကြားအချိုနှစ်သက် သလောက်ထည့်ကာ သမအောင်ခေါက်ထားပြီး ငှက်ပျောသီးကို ဓားဖြင့်ပါးပါးလှီးထားပါ

ဒယ်အိုးတွင်ဆီအနည်းငယ်ထည့်ကာ အတွင်းသားထုတ်ထားသောပေါင်မှုန့်ဘေးသားအမာ ကိုထည့်ပါ။ အလယ် အတွင်းသားနေရာမှာတော့ ပါးပါးလှီးထားသာငှက်ပျောသီးကိုထည့်ပြီး ခေါက်ထားသောကြက်ဥလောင်းထည့်ပါ။ ကြက်ဥတို့ ထည့်ပြီးပါက ဓားဖြင့်လှီးထုတ်ထားသောပေါင်မုန့်အလယ်သားကိုထည့်ပိတ်ကာ အထက်အောက် မကြာခဏ လှန်ကာကြက်ဥတို့ကျက်ပြီး ပေါင်မုန့်တို့ရွှေရောင်သန်းအောင်ကြော်ပါ။ ပေါင်းမုန့်တို့ရွှေရောင်သန်း လာပါကဆယ်ယူကာ မိမိနှစ်သက်ရာဖြင့်တွဲဖက်ကာသုံးဆောင်နိုင်ပါပြီ

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T