မနက်စောစောထနိုင်အောင် ဘယ်လိုလုပ်မလဲ?

//s9.kh1.co/75/75fcb928419a8d6248e8aa081105102d8741072d.jpg
MPT Lifestyle

 ၂၀-ဇန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

မနက်ပိုင်းအစောပိုင်းတွေမှာ တက်ကြွစေနိုင်တဲ့နည်းလမ်းများ

မနက်အစောပိုင်း ငါးနာရီလောက်မှာထဖို့ဆိုတာလူငယ်တွေအတွက်‌တော့ တစ်ကယ်ခက်ခဲတဲ့ကိစ္စရပ်ကြီးတစ်ခုပါ။ နိုးလာရင်တောင်မှ ပြန်အိပ်ချင်နေပြီး တစ်နေကုန်မလန်းမဆန်းဖြစ်နေတာမျိုးဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမနက်တွေမှာတက်ကြွစေမယ့်နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားပါမယ်။ 

(၁) အစီအစဥ်ဆွဲထားပါ။ ဒီလိုစောစောထရတဲ့အကြောင်းအရင်းတစ်ခုရှာပြီးတော့ အိပ်ရာထချင်စိတ်ကိုအမြဲတမ်းရှိနေအောင်လုပ်ပါ။

https://s9.kh1.co/__image/w=564,h=634,q=100/2e/2e445a5e288fc1d8d92fab1cbef35f87001f59fe.png

(၂) စောစောထဖို့ဆိုရင် စောစောအိပ်ရာဝင်ရမှာကိုလည်း သိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အိပ်ရာဝင်ခါနီးမှာ ပင်ပန်းစေတာတွေမလုပ်ဘဲ စာဖတ်တာ အားကစားလုပ်တာစတဲ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေမယ့်အလုပ်တွေကိုပဲလုပ်သင့်ပါတယ်။

(၃) အိပ်ရာနိုးနိုးချင်းလန်းဆန်းနေဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ရေအေးနှင့်မျက်နှာသစ်တာ ရေချိုးလိုက်တာမျိုးလုပ်ခြင်းက အိပ်ချင်စိတ်ကိုလုံးဝပျောက်သွားစေမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=512,h=540,q=100/10/10837378d7f0b165f079f0a6113229aa5e702de8.png

(၄) အစပိုင်းမှာခက်ခဲနိုင်ပေမဲ့ လက်မလျှော့ဘဲဆက်လုပ်နေဖို့လိုအပ်ပါတယ်။ အလေ့အကျင့်တစ်ခုလိုမျိုးဖြစ်လာရင် စောစောထခြင်းကခက်ခဲတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီလိုအတူထနိုင်တဲ့ပါတနာတစ်ယောက်ရှိခြင်းကလည်း စောစောထလာနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ 

https://s9.kh1.co/__image/w=563,h=751,q=100/7b/7b77b3f973d7a392d52cdeb98d58d58c56215a6e.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T