ပုဇွန်လို့ပြောလိုက်တာနဲ့ လူတော်တော်များများကြိုက်ကြတဲ့အစားအစားတစ်မျိုးလို့သိကြမယ်ထင်ပါတယ်။ ဒီတစ်ခါတော့ဈေးမှာအလွယ်တကူဝယ်လို့ရတဲ့ပုဇွန်ကိုချက်နေကျအတိုင်မချက်ပဲ ငရုပ်ပွလေးနဲ့အရသာရှိရှိ ကြော်ချက်လေးချက်စားကြည့်ရအောင်နော်။ ထုံးစံအတိုင်းချက်နည်းလေးမပြောခင် အဓိကပါ ဝင်ပစ္စည်းတွေက တေတော့-
ပုဇွန်အနေတော်အကောင် အနည်းငယ်
ငရုပ်ပွ၊ ငရုပ်သီးစိမ်း/ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်/ဂျင်း၊ ပြောင်းကော်မှုန့်အနည်းငယ် တို့လိုအပ်ပါတယ်

ပုဇွန်ကို ခေါင်းဖြုတ်ကာ ကျောခွဲပြီးရေစင်အောင်ဆေးထားပါ။ ကြက်သွန်ဖြူ နဲ့ ဂျင်းအနည်းငယ်ကို ရေစင် အောင်ဆေးကာထောင်းထားပါ။ ပုဇွန်ကို ထောင်းထားသောကြက်သွန်ဖြူ၊ဂျင်း၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ငရုပ်ကောင်းမှုန့် တို့နဲ့အတူ သမအောင်နယ်ကာ အရသာထည့်ပြီးနှပ်ထားပါ။ ငရုပ်ပွကို အစေ့ ထုတ်ကာ နုတ်နုတ်လှီးထားပြီး ၊ ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်း၊ ဂျင်း၊ ကြက်သွန်မြိတ်တို့ကိုလည်း ရေစင် အောင်ဆေးကာ ဓားဖြင့်နုတ်နုတ်လှီးထားပါ

ပြီးပါကအရသာသွင်းထားသောပုဇွန်ထဲသို့ပြောင်းကော်မှုန့်အနည်းငယ်ထည့်ကာနယ်ပြီးဆီပူပူတွင်အနည်းငယ် ကြော်ကာဆယ်ယူပြီးဆီစစ်ထားပါ။ နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ၊ဂျင်း၊ ငရုပ်ပွ၊ငရုပ်သီးစိမ်းတို့ကို ဆား၊အရသာမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်တို့ထည့်ကာဆီနည်းနည်းဖြင့်ကြော်ပါ။ ငရုပ်ပွတို့နွမ်းလာပါက ကြော်ထား သောပုဇွန် နဲ့ ကြက်သွန်မြိတ်၊ရှာလကာရည်အနည်းငယ် တို့ထည့်ကာ ပုဇွန်တို့ကျက်သည်အထိ အထက်အောက် မွှေပေးပြီး အရသာအပေါ့ အငံမြည်းကာ နှစ်သက်သည့်အရသာ ရရှိပါက သုံးဆောင်ရန်အသင့် ဖြစ်ပါပြီ