ဘဝကို အသစ်ကနေပြန်စတင်ချင်တဲ့အချိန်ဘာတွေလုပ်ရမလဲ

//s9.kh1.co/3f/3f6ef9d0e446b5848dfefaa3ecf4583228108f28.jpg
MPT Lifestyle

 ၁၇-ဇန်-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဘဝကို အသစ်ကနေပြန်စတင်ချင်တဲ့အချိန်ဘာတွေလုပ်ရမလဲ

အကြောင်းအမျိုးမျိုးကြောင့် ဘဝနေထိုင်မှုတစ်ခုလုံးကိုပြောင်းလဲပြီး ဘဝသစ်စချင်တယ်ဆိုရင် ဦးတည်ချက်အသစ်တစ်ခုရှိဖို့လိုအပ်ပါတယ်။ နေ့စဥ်ဘဝမှာလုပ်နေကျအပြုအမူတွေကို တစ်ခုချင်းစီစဥ်းစားပြီးတော့ ပြောင်းလဲသင့်တာတွေကိုပြောင်းလဲဖို့ကြိုးစားရပါမယ်။ ပန်းတိုင်အသစ်တွေရည်မှန်းချက်အသစ်တွေချမှတ်ပြီးတော့ နေထိုင်မှုအသစ်တစ်ခုစတင်မယ့်တွန်းအားကိုဖန်တီးရပါမယ်။

https://s9.kh1.co/__image/w=563,h=751,q=100/93/931d04a7fc1a75b2bffa35ab2b4d8ac371fcb2a5.png

အရင်က မသင်ခဲ့ဖူးတဲ့အကြောင်းအရာတွေ ပညာရပ်တွေကိုစမ်းသပ်ကြည့်ပြီးတော့ သင်တန်းတက်တာမျိုးတွေလုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းက ပုံစံအသစ်တစ်ခုကိုဖြစ်လာစေနိုင်ပြီးတော့ ပတ်ဝန်းကျင်အသစ်နှင့်မိတ်ဆွေအသစ်တွေရလာအောင်ကူညီပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=704,q=100/8d/8d2c223aeaeb749e7b45277e3ca393cb0b94e0c4.jpg

နေရာသစ်ကိုပြောင်းရွှေ့တာ ဒါမှမဟုတ် အလုပ်အသစ်ပြောင်းတာစတဲ့ပြောင်းလဲမှုအကြီးကြီးတွေကိုလည်းလုပ်ဆောင်ရပါမယ်။ စားသောက်နေထိုင်ပုံအပါအဝင် ပုံပန်းသွင်ပြင်ကိုပါပြောင်းလဲလိုက်ပြီးတော့ စိတ်သစ်လူသစ် ခန္ဓာကိုယ်အသစ်နှင့်နေထိုင်ရပါမယ်။ မလိုအပ်တဲ့ ဆက်ဆံရေးတွေကိုဖြတ်တောက်လိုက်ပြီးတော့ ပျော်ရွှင်မှုကိုအဓိကထားရင်းနေထိုင်ရမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=845,q=100/68/6811425315534637019855e3dc0a8175a439d37c.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T