မြန်မာနိုင်ငံမှ ထားဝယ်လူမျိုးများအကြောင်း

//s9.kh1.co/3c/3c5a3cd0d481a40b1e4853ccc4d7f9566e6e1f56.jpg
MPT Lifestyle

 ၁၆-ဇန်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်နှစ် က

ကျောက်ခေတ်အစထဲမှ နေထိုင်လာကြသော ထားဝယ်လူမျိုးများ

ထားဝယ်လူမျိုးတွေက ကျောက်ခေတ်၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်း နှစ်ကာလအဆက်ဆက် နေထိုင်လာကြတဲ့ လူမျိုးပဲ ဖြစ်ပါတယ်။ မြန်မာသမိုင်းမစတင်ခင် ကာလထဲက ထားဝယ်ဒေသမှာ နေထိုင်လာကြတာ ဖြစ်ကြောင်းကို မှတ်တမ်းများက အခိုင်အမာ သက်သေပြလို့်နေပါတယ်။

https://s9.kh1.co/__image/w=650,h=361,q=100/33/33229329d32527332f4b1f8aac7ba7a02acca358.jpg

ထားဝယ်ခရိုင်သည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလဲ အသွယ်သွယ် ကောင်းမွန်ကာ မြန်မာပြည်အနှံ့အပြားမှာ ထားဝယ်လူမျိုးကို တွေ့နိုင်ပါတယ်။ အသက်မွေးဝမ်‌ကြောင်းအဖြစ် ကုန်သွယ်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း ၊ သတ္တုလုပ်ငန်း အစရှိသဖြင့် အမျိုးစုံ လုပ်ကိုင်စားသောက် နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=345,q=100/b3/b3e13e8ee904d39f03e602710ff1d0e3dec6cc35.jpg

ထားဝယ်လူမျိုးတွေ ပြောဆိုတဲ့ဘာသာစကားဟာ ပေါရာဏ၊ ဗမာ၊ ရှမ်း၊ မွန်စကားများ ရောနှောဖြစ်ပေါ်လာတယ်လို့လဲ သိရပါတယ်။ ထားဝယ်စကားစစ်စစ်ကတော့ ပေါရာဏစကားပဲ ဖြစ်ပါတယ်။ ထားဝယ် ဒိန်းသီချင်းနှင့် ထားဝယ် ရမ်းအက မှာလဲ ထင်ရှားကျော်ကြားလှ၏။ ထားဝယ်ကျေးလက်တောရွာများမှာ ပျော်စရာပွဲအဖြစ် ကျွဲတိုက်ပွဲကို ကျင်းပတတ်ကြောင်းကိုလဲ လေ့လာမှတ်သားရပါတယ်။ တနင်္သာရီတိုင်းမှာ အများဆုံးနေထိုင်ကြတဲ့ ထားဝယ်လူမျိုးများဟာ ရိုးသားကြိုးစားပြီး ဖော်ရွေတတ်ကာ မဟုတ်မခံ စိတ်ဓာတ်နှင့် ဇွဲကောင်းသူများပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c3/c3352c596f713e2c5f22d83cc656da283e78efbd.jpg
Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T