ကမ်းခြေဖက်ရှင်အတွက် အဆင်ပြေတဲ့ Crochet ဖက်ရှင်များ

//s9.kh1.co/e7/e7199a9e9d557009242da679920ea8addef1519c.jpg
MPT Lifestyle

 ၁၆-ဇန်-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

ကမ်းခြေဖက်ရှင်အတွက် အဆင်ပြေတဲ့ Crochet ဖက်ရှင်များ

https://s9.kh1.co/__image/w=563,h=846,q=100/e5/e51e176ae249bb3f0cf1b57e965f07a4251f3b1d.png

ဒီလို Crochet Top လေးတွေဟာ အရောင်အသွေးလှတာကြောင့် ကမ်းခြေဖက်ရှင်အဖြစ်စဥ်းစားသင့်တဲ့ပုံစံလေးတွေပါ။ အထူးသဖြင့် အသားပေါ်တာကို မကြိုက်တဲ့မိန်ုးကလေးတွေအတွက် လုံခြုံမှုရှိပြီးတော့ အဆင်ပြေတဲ့ကမ်းခြေဖက်ရှင်ပါ။ 

https://s9.kh1.co/__image/w=563,h=751,q=100/e0/e099ab94e64dd75afb9a84f0fe6afa33f94916c2.png

ဒီလိုဇာပေါက် Crochet အင်္ကျီရှည်ကြီးတွေကလည်းလုံခြုံမှုရှိသလို ကမ်းခြေနှင့်လိုက်ဖက်တဲ့အဝတ်ဖြစ်ပါတယ်။ ဒီလိုအင်္ကျီရှည်အောက်မာ ဘီကနီလိုမျိုးဝတ်ထားတာကလည်း အမြင်မရိုင်းဘဲပိုလှသွားသလိုဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/0c/0cb7a6fd0e06142373fb856ffafcdc0cd8e6fd4f.png

ဒီလို စကပ်ရှည်ကြီးတွေနှင့် Crochet Top တွေကိုဝမ်းဆက်လိုက် ဝတ်ဆင်တာက ကမ်းခြေဖက်ရှင်တွေထဲမှာထိပ်ဆုံးကဝတ်ဆင်သင့်တဲ့ဖက်ရှင်တွေပါ။ 

https://s9.kh1.co/__image/w=564,h=666,q=100/f2/f2ff7a5beacdfdb7fd77f0340d548a2bd1f7ced0.png

ရောင်စုံပွင့်ချပ်တွေဆက်ထားတဲ့ ဒီ Crochet စကပ်ရှည်ကြီးတွေကို သာမာန် Top တွေနှင့်တွဲဝတ်လို့လည်း အဆင်ပြေသလို Crochet တွေနှင့်တွဲဝတ်တာကလည်း ကမ်းခြေနှင့်လိုက်ဖက်ပြီး ပုံရိုက်ရအဆင်ပြေစေမယ့်ဖက်ရှင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=696,q=100/dd/dde8116377021abbd2b18c66496e0b16415878cb.png

ဒီလိုကမ်းခြေဖက်ရှင်တွေကတော့ ၂၀၂၃ မှာအတော်လေးနာမည်ကြီးသွားခဲ့တဲ့ဖက်ရှင်ပါ။ ဘီကီနီထက်လုံခြုံပေမဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုလည်းသေချာဖော်ပြပေးတဲ့ဖက်ရှင်တွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=787,q=100/ba/ba097642aa631b50c399bb88c2a668d1d514de9f.png

ဒီလိုပုံစံ Crochet Top တွေကလည်း ၂၀၂၃ မှာတော်တော်လေးခေတ်စားသွားခဲ့တဲ့ ဖက်ရှင်ပါ။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေအကြားမှာ ဒီ Top ဟာခေတ်ဆန်ပြီးတော့ ကမ်းခြေမှာဝတ်ဆင်လိုက်ရင် အတော်လေးအမြင်ဆန်းပြီးလိုက်ဖက်နေမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=705,q=100/cf/cfbaabb310599a6ac62f27b6fcd5199f10b887d9.png

Crochet Bikini ဝမ်းဆက်တွေအဖြစ်နာမည်ကြီးသွားတဲ့ ဒီလိုကမ်းခြေဝတ်စုံတွေဟာလည်း ကမ်းခြေဖက်ရှင်အတွက်ထိပ်ဆုံးကနေစဥ်းစားသင့်တဲ့ဖက်ရှင်ဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T