

မေရီဂျိမ်းရှုးစီးရီးထဲမှာ လူသိအများဆုံးနှင့် ရေပန်းအစားဆုံးပုံစံဖြစ်တဲ့ ဒီဖိနပ်ဟာ သူ့ရဲ့ပုံစံကြောင့် တော်တော်များများနှင့် လိုက်ဖက်ပါတယ်။ ဒီလိုအမြင့်ပါပေမဲ့ ရှေ့ပိုင်းပုံစံနှင့်နောက်ဖက်မတူတဲ့တစ်ခြားဒီဇိုင်းတွေလည်းအများကြီးရှိပါသေးတယ်။


နောက်ဖက်ဒေါက်အမြင့်ကြီးတွေနှင့် ရှုးဖိနပ်တွေဟာလည်း ၂၀၂၃ မှာအတော်လေးလူကြိုက်များသွားခဲ့တဲ့ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

ဒီအမျိုးအစားလေးတွေကလည်း ထသွားထလာစီးဖို့အဆင်ပြေတာကြောင့် မိန်းကလေးတိုင်းမှာ တစ်ရံလောက်တော့ရှိထားတဲ့ဖိနပ်ပါ။


အကသမားတွေနှင့် ဖျော်ဖြေရေးသမားတွေပဲစီးလေ့ရှိတဲ့ ဒီလိုပုံစံဖိနပ်အပါးလေးတွေဟာလည်း နောက်ပိုင်းမှာတော့ မိန်းကလေးတွေအများစုသဘောကျတဲ့ဖိနပ်စာရင်းမှာပါဝင်လာခဲ့ပါတယ်။ သက်တောင့်သက်သာရှိတာကြောင့် နေ့စဥ်သုံးဖိနပ်တစ်ရံအဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။


ဒေါက်ပါတယ်ဆိုရုံလေးပဲပါတဲ့ ဒီရှုးတွေကလည်းပဲ ပုံစံဒီဇိုင်းအပြင် ဒေါက်နိမ့်တာကြောင့် စီးရအဆင်ပြေတဲ့ဖိနပ်ဖြစ်ပါတယ်။ အထူးသဖြင့် လမ်းလျှောက်သွားရတာများတဲ့အမျိုးသမီးတွေအတွက် တစ်ရံလောက်တော့ပိုင်ဆိုင်ထားသင့်တဲ့ဖိနပ်အမျိုးအစားဖြစ်ပါတယ်။