

ထောပတ်စိမ်းရောင်အဖျော့နှင့်ပန်းရောင်ဖျော့လိုမျိုး အဖျော့ကာလာတွေရဲ့ပေါင်းစပ်မှုဟာ တော်တော်လေးလှသလို ဝတ်ဆင်တဲ့သူရဲ့အသားအရည်ကိုလင်းသွားစေနိုင်ပါတယ်။


လိမ္မော်ရောင်နှင့် ထောပတ်စိမ်းအရောင်ကိုပေါင်းစပ်ဝတ်ဆင်တာကလည်း ခေတ်ဆန်ပြီးတော့ ဖက်ရှင်ကျတဲ့ခံစားချက်ကိုပေးနိုင်တဲ့အရောင်အတွဲအစပ်ပါ။


အရောင်တိုင်းနှင့်လိုက်ဖက်ပြီး ဖက်ရှင်တိုင်းနှင့်လိုက်လျောညီထွေဖြစ်နိုင်တဲ့ အဖြူရောင်နှင့် ထောပတ်စိမ်းရောင်ရဲ့ဖက်ရှင်အတွဲအစပ်ကလည်း ရိုးရိုးရှင်းရှင်းလေးလှနေတဲ့အရောင်အတွဲအစပ်တွေဖြစ်ပါတယ်။


ခရမ်းရောင်တောက်တောက်နှင့် ထောပတ်စိမ်းရောင်တို့ဟာ အတော်လေးလိုက်ဖက်ပြီးတော့ လူငယ်ဆန်တဲ့ခံစားမှုကိုပေးစွမ်းတဲ့အပြင် တော်တော်လေးအမြင်ဆန်းတဲ့တွဲဖက်မှုဖြစ်ပါတယ်။


အနက်ရောင်နှင့် ထောပတ်စိမ်းရောင်တွေကိုတွဲဖက်ထားတဲ့ဖက်ရှင်တွေကလည်း ခိုင်မာပြီးတော့ကျက်သရေရှိတဲ့အသွင်အပြင်ကိုပေးစွမ်းနေပါတယ်။