လက်သည်းအရှည်ထားဖို့မလိုတဲ့ Nail Design များ

//s9.kh1.co/cd/cd4c537fe7b6ac8ec13c793f041adbe941934f53.jpg
MPT Lifestyle

 ၁၃-ဇန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ နှစ် က

လက်သည်းအရှည်မထားဘဲ ပုံဖော်နိုင်မယ့် Nail Design များ

လက်သည်းအရှည်မထားချင်တဲ့မိန်းကလေးတွေအတွက် လက်သည်းအတိုလေးပေါ်မှာပဲပုံဖော်လို့ရတဲ့ဒီဇိုင်းလေးတွေကိုဖော်ပြပေးထားပါတယ်။ 

https://s9.kh1.co/__image/w=564,h=622,q=100/59/5946e55f8bb4c33756d4c5ea88b2804e7701d43d.png

လက်သည်းကြီးတဲ့မိန်းကလေးတွေအနေနှင့် လက်သည်းအတိုကိုပဲ ထိပ်ပိုင်းနားလေးမှာပန်းပုံတွေဖော်ပြီး အလှဆင်လို့ရပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/ae/ae08cd618679d09676866b12c5581a3291720186.png

ပန်းပွင့်အသေးလေးတွေကို အရောင်မတူတဲ့လက်သည်းနီတွေနှင့်ဆွဲပြီး တစ်ခြားလက်ချောင်းတွေကိုတော့ ကာလာပဲဆိုးတာကလည်း လှပြီးခေတ်ဆန်တဲ့ဒီဇိုင်းပါ။ 

https://s9.kh1.co/__image/w=563,h=560,q=100/3c/3c4dc49152c9ae9ad4835aa756e0b7e73f16980f.png

လက်သည်းအတိုပေါ်မှာ ပန်းပွင့်ကိုအပြည့်မဖော်ဘဲ တစ်ဝက်လောက်ကိုထောင့်နားလေးတွေကနေပုံဖော်ဆိုးတာကလည်း လက်သည်းအရှည်မထားချင်တဲ့ကောင်မလေးတွေအတွက်အဆင်ပြေတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=751,q=100/d5/d5d533fb01678a222c67fdc209db167513c4f978.png

လက်သည်းတစ်ခုပေါ်မှာ ပန်းပွင့်အသေးလေးတွေသုံးပွင့်လောက်ဆွဲပြီး ကျန်တဲ့တစ်ချောင်းမှာ အကြီးတစ်ပွင့်ဆွဲတာကလည်း ရိုးရှင်းပြီးအဆင်ပြေတဲ့ လေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/03/03c4650c0343cd807e8541694ad6e30e7faa98d2.png

တစ်ကယ်လို့ လက်သည်းတွေအကုန်လုံးမှာပန်းပွင့်ဆွဲချင်တယ်ဆိုရင် ပုံစံတူအပွင့်တွေကို မတူညီတဲ့အရောင်တွေသုံးပြီးဆွဲနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=632,q=100/52/524f8b5a5c43182e5244841cdbb65df298ea039b.png

အကွက်တွေကိုသဘောကျတတ်တဲ့သူဆိုရင် အရောင်နှစ်ရောင်သုံးပြီးအကွက်လေးတွေကို ပုံဖော်တာကလည်း ရွေးချယ်သင့်တဲ့ဒီဇိုင်းတစ်ခုပါ။

https://s9.kh1.co/__image/w=650,h=646,q=100/e3/e38f2df441c365187411c53f9355626b9a5d5e0c.png

အသဲပုံလေးတွေကိုဆွဲပြီး အရောင်ဆင်တူလေးတွေသုံးတာကလည်း ချစ်စရာကောင်းပြီးမရိုးသွားနိုင်မယ့်လက်သည်းဒီဇိုင်းပုံစံလေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=500,h=500,q=100/79/79fa0676491399cc0f9e9b284f74ea5cbbe420b5.png

နေရာသိပ်မယူတဲ့ ကြယ်အပြောက်အစက်လေးတွေကို နက်ပြာရောင်အခံပေါ်မှာဆိုးထားတဲ့ဒီဇိုင်းကလည်း မိန်းကလေးအများစုသဘောကျတတ်ကြတဲ့ပုံစံပါ။ 

https://s9.kh1.co/__image/w=564,h=564,q=100/99/994562989fa2e1778bc22e9b468bc77739d5bd54.png

ပုံတွေ ဒီဇိုင်းတွေသိပ်မကြိုက်တတ်ဘူးဆိုရင်တော့ အခုလိုမျိုး အရောင်နှစ်ခုကိုကစားပြီးရိုးရှင်းတဲ့ပုံစံလေးဖော်နိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T