Y2K Style အတိုင်း Styling လုပ်မယ်

//s9.kh1.co/9b/9b7c3d06a750db0c9beb32df2da77929df5c6dce.jpg
MPT Lifestyle

 ၁၂-ဇန်-၂၀၂၄ ၄pm · လွန်ခဲ့သော ၂ နှစ် က

Y2K Style အတိုင်း Styling လုပ်မယ်

Y2K Style ဆိုတာ ၂၀၀၀ ပြည့်နှစ်တွေတုန်းကခေတ်စားပြီးလူကြိုက်များခဲ့တဲ့ဖက်ရှင်တွေကိုဆိုလိုတာပါ။ ဒီလိုဖက်ရှင်စတိုင်တွေဟာ အခုနောက်ပိုင်းမှာ ပြန်ခေတ်စားလာပြီးတော့ လူငယ်အများစုလိုက်ဝတ်လာကြတဲ့ဖက်ရှင်တွေပါ။ ဒီနေ့မှာတော့ Y2K စတိုင်အတိုင်း လုပ်ဖို့လွယ်ကူတဲ့ဖက်ရှင်(4) မျိုးကိုဖော်ပြပေးသွားပါမယ်။

Cardigan & Jeans

Cardigan တွေနှင့်ဂျင်းတွေဟာ ၂၀၀၀ ပြည့်နှစ်ဖက်ရှင်လောကရဲ့အဓိက Item နှစ်ခုပါ။ အထူးသဖြင့် အရောင်အသွေးစုံလင်တဲ့ အပေါ်ဝတ်တွေနှင့် Baggy ဂျင်းပွကြီးတွေဟာ ၂၀၀၀ ရဲ့အငွေ့အသက်ကိုအပြည့်ပေးနိုင်တဲ့ဖက်ရှင်အတွဲအစပ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/d6/d65c6c49f206cd8d85dc789b77765eaeea898882.png

Jeans & Silk Scarf Top

ပိုးသားပုဝါ နှင့် အောက်ကားဂျင်းအတွဲအစပ်လေးဟာလည်း ၂၀၀၀ ပြည့်နှစ်ကိုတန်းပြီးသတိရသွားစေနိုင်တဲ့ဖက်ရှင်ပါ။ အထူးသဖြင့် ပိုးသားပုဝါကို ရင်ပြတ်အင်္ကျီပုံစံဖန်တီးခဲ့တဲ့ဖက်ရှင်ဟာ တစ်ကယ်ခေတ်မှီပြီး အခုချိန်ထိလူကြိုက်များနေတဲ့ဖက်ရှင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=687,q=100/79/79f0b0fddb29697a067a3a4793a1dcbe2b6e4a67.png

Mini Skirt & Cropped Cardigan

မီနီစကပ်လေးတွေနှင့် Short Cardigan အတွဲလေးကလည်း အခုချိန်ထိရေပန်းစားတဲ့ဖက်ရှင်စာရင်းထဲပါဝင်နေတဲ့ဖက်ရှင်ပါ။ မီနီစကပ်ထဲမှာ သာမာန်စကပ်တွေထက် အကွက်ပုံစံစကပ်  ဒါမှမဟုတ် နက်ပြာရောင်ဂျင်းစကပ်တွေကပိုပြီး Y2K ဆန်ပါတယ်။

https://s9.kh1.co/__image/w=564,h=700,q=100/ef/efd1099cb93542d6e59a830b83869b6c7df473f9.png

Bedazzled Top & Distressed Denim

လုံးဝရင်ပြတ် အတိုတွေနှင့်  ချက်အောက်ဘောင်းဘီ စကပ်တွေကလည်း ၂၀၀၀ခုနှစ်ရဲ့အမှတ်အသားလိုဖြစ်နေတဲ့ စတိုင်တွေပါ။ ဒီလို Outfit ကိုတော့ လက်ဝတ်လက်စားမျိုးစုံတွေထပ်ဆင်ပြီးဝတ်ဆင်လေ့ရှိကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=700,q=100/9c/9ca6dc7f43b06eaa0a31b7d14e9d6459ed033e34.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T