ပြောင်းဖူးလို့ပြောတာနဲ့ ဘယ်လိုလုပ်စားကြတာကို မျက်စိထဲပြေးမြင်ကြလဲ..? ပြောင်းဖူးကို ပြုတ် စားကြ တယ်၊ လက်ဖက်နဲ့ သုပ်စားကြတယ်၊ ချက်စားကြတယ် မဟုတ်လား၊ ဒီတစ်ခါတော့ ပြောင်းဖူးရဲ့ အချို အရသာလေးလဲမပျက်ပဲ ကြွပ်ကြွပ်ရွရွ လေးကြော်ပြီး စပ်စပ်သုပ်စားမယ်နော်
ပါဝင်ပစ္စည်းတွေကတော့ -
ပြောင်းဖူး
ပြောင်းကော်မှုန့်/အကြော်မှုန့်/ကြက်သွန်နီ
နံနံပင်/ငရုပ်သီးခွဲကြမ်းမှုန့် တို့လိုပါတယ်

ပြောင်းဖူးကို အစေ့ထွင်ကာ ပြုတ်ထာပါ ၊ ကြက်သွန်နီကို အခွံနွာကာ ပါးပါးလွှာထားပြီး နံနံပင်ကို ရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထားပါ

ပြုတ်ထားသောပြောင်းဖူးစေ့တို့ကို ပြောင်းကော်မှုန့် ၊ အကြော်မှုန့် အနည်းငယ်၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည် ၊ငရုပ်ကောင်းအနည်းငယ်ထည့်ကာ နှံ့အောင်နယ်ပါ။ ဒယ်အိုးတွင် ဆီများများထည့်ကာ အပူပေးပြီး ဆီပူလာပါက နယ်ထားသော ပြောင်းဖူးစေ့တို့ ထည့်ကာ ရဲပြီး ရွှေရောင်သန်းလာအောင်ကြော်ပါ။ ပြောင်းဖူးစေ့ တို့ ရဲကာရွှေရောင်သန်းလာပါက ဆယ်ယူကာဆီစစ်ထားပြီး အအေးခံထားကာ ပါးပါးလှီးထာသော ကြက်သွန်နီ၊ နံနံပင်၊မဆလာ၊ အရသာမှုန့် ၊ငရုပ်သီးကြော်ထောင်း တို့ဖြင့်ရောနယ်ကာ အချဉ်ကြိုက်ပါက သံပုရာရည်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ