
Wolf Cut ညှပ်ထားတဲ့ဆံပင်ကိုလှိုင်းကြီးတွန့်လိုမျိုး အကောက်လေးတွေပုံဖော်လိုက်ခြင်းဟာ လူငယ်ဆန်တဲ့ပုံစံကိုပေါ်ပေါက်စေပါတယ်။ အထူးသဖြင့် မျက်နှာဝိုင်းတဲ့သူတွေအတွက် ဒီလိုဒီဇိုင်းက မျက်နှာကိုပိုပြီးသွယ်သွားစေမှာဖြစ်ပါတယ်။

ပုခုံးကျော်အရှည်ရှိတဲ့ဆံပင်တွေကို Wavy ပုံစံအကောက်လုပ်လိုက်ခြင်းဟာ ဆံသားရှုပ်ထွေးတာကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဒီလိုဆံပင်ဒီဇိုင်းဟာ ဖက်ရှင်အများစုနှင့်လိုက်ဖက်ပြီးကြည့်ကောင်းစေတဲ့ဒီဇိုင်းဖြစ်ပါတယ်။

ဆံပင်အတိုလေးကို အောက်ပိုင်းနားလေးပဲကောက်ထားတဲ့ ဒီလိုုဒီဇိုင်းကလည်း တိုလွန်းတယ်ထင်ရပေမဲ့ လည်ပင်းကိုပိုပေါ်စေပြီး အမြင်ရှင်းစေတဲ့ဒီဇိုင်းလေးပါ။

ဆံသားပါးပြီး မျက်နှာသေးတဲ့သူတွေအတွက် လှိုင်းတွန့်အကောက်ကြီးတွေနှင့် ဒီလိုပုံစံမျိုးကအတော်လေးအဆင်ပြေမှာဖြစ်ပါတယ်။

ကောက်သားသိသိသာသာမပေါ်တဲ့ ဒီလိုအကောက်ဒီဇိုင်းပုံစံတွေကလည်း ဖက်ရှင်တော်တော်များများနှင့်လိုက်ဖက်တာကြောင့် မိန်းကလေးတွေရွေးချယ်သင့်တဲ့ Hair Design ဖြစ်ပါတယ်။

ဆံပင်အကုန်လုံးကို အကြေကောက်သလိုမျိုးအကောက်သေးသေးလေးတွေကောက်လိုက်ခြင်းက မျက်နှာကိုပိုနုပျိုစေသလို အသွင်အပြင်ပြောင်းလဲသွားသလိုအငွေ့အသက်ကိုလည်းပေးစွမ်းပါတယ်။