တစ်ယောက်ယောက်ကိုလေးလေးနက်နက်ချစ်မိပြီဆိုရင် လူတွေဟာအမူအယာတွေကနေတစ်ဆင့်ဖော်ပြတတ်ကြပါတယ်။ တစ်ကယ်လို့သင့်ရဲ့ပါတနာက ဒီလိုအပြုအမူတွေလုပ်နေပြီဆိုရင် သေချာပေါက်သင့်ကိုအလေးအနက်ထားချစ်နေတယ်ဆိုတာကိုသိနိုင်ပါတယ်။
(၁) ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါလုံခြုံမှုရှိတယ်ဆိုတဲ့ခံစားချက်ကိုပေးစွမ်းပါတယ်။
(၂) သင်ပြောတဲ့စကားတွေကိုအလေးအနက်ထားနားထောင်ပေးပြီးတော့ အမှတ်တမဲ့အကြောင်းအရာလေးတွေကိုမှတ်ထားပေးပြီး ဂရုတစိုက်လုပ်ပေးတတ်လေ့ရှိပါတယ်။

(၃) ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်တွေအပါအဝင် လုပ်ငန်းခွင်လိုမျိုးအထိသင့်ကိုအားပေးပြီးတော့ အမြဲတမ်းယုံကြည်နေကြောင်း စာနှင့်ဒါမှမဟုတ် အပြုအမူတွေနှင့်ပြောပြေပေးပါတယ်။
(၄) သင့်ရဲ့ကွဲပြားခြားနားမှုတွေကို လက်ခံပေးပြီးတော့ ပြောင်းလဲမှုတွေအတင်းအကြပ်လုပ်ခိုင်းမှာမဟုတ်ပါဘူး။ ဖြစ်တည်မှုကိုအကောင်းဆုံးလက်ခံပြီးအားပေးတတ်ကြပါတယ်။

(၅) ကြီးကြီးမားမားအရာတွေမဟုတ်ရင်တောင် သင့်အတွက် ပျော်စရာကောင်းပြီးစိတ်လှုပ်ရှားစေမယ့်လက်ဆောင်နှင့်အပြုအမူလေးတွေကိုအမြဲဖန်တီးပေးလေ့ရှိပါတယ်။
(၆) သင့်ကိုသဘောကျတယ်ဆိုတဲ့အကြောင်းပြချက်နှင့်ချုပ်နှောင်မထားဘဲ လွတ်လပ်ခွင့်နှင့်ကိုယ်ပိုင်အချိန်တွေဖန်တီးပေးတတ်ကြပါတယ်။
(၇) သူ့အသိုင်းအဝိုင်းအပါအဝင် သူနှင့်ခင်မင်တဲ့သူတိုင်းကိုသင့်အကြောင်းပြောပြတာ မိတ်ဆက်တာမျိုးလုပ်လေ့ရှိပါတယ်။ သူတို့အနေနှင့် သင့်ကိုလုံးဝအနာဂတ်အတွက်ပါရည်ရွယ်ထားတာကြောင့် ဒီလိုမျိုးလုပ်တာဖြစ်ပါတယ်။
