မြန်မာနိုင်ငံမှ မွန်တိုင်းရင်းသားတို့၏ ကိုယ်ပိုင် တူရိယာ

//s9.kh1.co/67/67c79627caa02654ef15d3df06e229efd9416c07.jpg
MPT Lifestyle

 ၁၂-ဇန်-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဗာတ်ကိုင် (သို့) လဆန်းတူရိယာ

မွန်နှင့် ဗမာလူမျိုးတို့ကြား ယဉ်ကျေးမှုဖလှယ်လာခဲ့ကြတာ နှစ်ပေါင်းကြာမြင့်ခဲ့ပါပြီ။ တူရိယာများမှာလဲ လူမျိုးနှစ်မျိုးကြား ဘုံသုံး ပစ္စည်းများအဖြစ် တူညီသည်မှာ ခပ်များများပါ။ ထိုထဲကမှ မတူကွဲပြားစွာ ယနေ့တိုင် မွန်လူမျိုးတို့ရဲ့ ကိုယ်ပိုင်တူရိယာ အဖြစ်တည်ရှိနေတာကတော့ လဆန်းတူရိယာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=244,q=100/22/22b9ab85848d64a2830502b22ad89ac90f35aada.jpg

ဗာတ်ကိုင် (သို့) လဆန်းတူရိယာက သာမန်ဖျော်ဖြေပွဲအတွက် တီးမှုတ်ရန် စတင်ခဲ့တာမဟုတ်ပဲ မိဆိုင်ဖဆိုင် ဘိုးဘွားတွေကို ပူဇော်ပသတဲ့ ပွဲမှာ အဓိက အသုံးပြုတာ ဖြစ်ပါတယ်။ တူရိယာပုံစံက ပစောက်ပုံစံ ရှိပြီး ရွှေရေးခြယ်သမှုတွေနဲ့ ခမ်းခမ်းနားနား ဝင့်ဝင့်ထည်ထည် ပြုလုပ်ထားတာကလဲ ဗာတ်ကိုင်ရဲ့ ထူးခြားချက်ပါ။ 

https://s9.kh1.co/__image/w=640,h=426,q=100/40/401558f0c054d477810c57c8f7c6e9feff8e069f.jpg

ကြေးတူရိယာအမျိုးအစားဖြစ်ပြီး သံစဉ်တကျဖြစ်အောင် သစ်သားလက်ခတ်နဲ့ တီးခတ်ရပါတယ်။ မြန်မာသက္ကရာဇ် ၁၁၀၈ ခုနှစ် (အေဒီ ၁၇၄၆ ) ဘုရင်ဗညားဒလ လက်ထက်မှာ အဆိုပါ လဆန်းတူရိယာကို စာပေအထောက်အထားတွေနဲ့ သေချာဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နတ်ဒေဝါပူဇော်ပွဲတွေသာမကပဲ နန်းသိမ်းပွဲ၊ စစ်အောင်ပွဲတွေမှာလဲ လဆန်းတူရိယာကို တီးခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=500,q=100/c1/c17f4e34709e638c3d23d09fb6855601dc1e49a1.jpg

မွန်လူမျိုးအပြင် ထိုင်းနဲ့ ကမ္ဘောဒီးယားမှာလဲ လဆန်းတူရိယာကို တီးခတ်ကြပါတယ်။ တီးခတ်ပုံ ပုံစံခြင်းကတော့ ကွာခြားမှုရှိပါတယ်။ မွန်လူမျိုးတွေက အရင်ဘိုးဘေး လက်ထက်တွေတုန်းက နယ်မြေလှည့်ပြောင်းသူတွေဖြစ်လို့ အဆိုပါ တူရိယာက အခြားသော နိုင်ငံတွေမှာ တွေ့ရတာကလဲ သိပ်အထူးအဆန်းမဟုတ်လှပါ။ 

https://s9.kh1.co/__image/w=640,h=478,q=100/eb/ebe22d977c6c33c2ad62b1a2d66255447c41dbf5.jpg
Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T