ဒီတစ်ခါတော့ အာလူးကိုပုံမှန်အတိုင်းချက်မစားပဲ ဗိုလ်ဆန်ဆန်နဲ့ အာလူးမာလာလေးကြော်စားကြမယ်နော် ရှူးရှူးရှဲရှဲနဲ့ အရသာရှိရှိလို့ အတူကြော်စားရအောင်ကြော်နည်းလေး ပြောပြပေးမယ်နော်

ပါဝင်ပစ္စည်းတွေကတော့-
အာလူး/အကြော်မှုန့် အနည်းငယ်
မာလာအနှစ်/ကြက်သွန်ဖြူ
ငရုတ်သီးခြောက်/ပူစီနံ (သို့) နံနံပင် တို့ပဲဖြစ်ပါတယ်

အာလူးကို အခွံနွာကာအချောင်းငယ်များလှီးဖြတ်ကာ အနည်းငယ်ပြုတ်ထားပါ၊ ပြုတ်ထားသော အာလူးတို့ကို ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊အကြော်မှုန့် တို့နဲ့နယ်ကာ ဆီပူပူတွင်ရဲအောင် ကြော်ပြီး ဆယ်ယူထားပါ။ ကြက်သွန်ဖြူကို အခွံနွာကာပါးပါးလှီးထားပြီး ငရုတ်သီးခြောက်ကိုလည်း ကတ်ကြေးဖြင့် အနေတော်လေးများညှပ်ထားပါ။ နံနံပင်(သို့)ပူစီနံ ကိုလည်းကတ်ကြေးဖြင့် ဖြစ်စေ အရွက်များခြွေ၍ဖြစ်စေ ပြင်ဆင်ထားပါ
ဒယ်အိုးတွင် ဆီအနည်းငယ်ထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်ဖြူ နဲ့ ငရုတ်သီးခြောက်တို့ ထည့်ကာ ကြက်သွန်နံ့ သင်းလာသည်အထိကြော်ပါ။ ကြက်သွန်နံ့သင်းလာပါက မာလာအနှစ် မိမိလိုအပ် သလောက် ထည့်ကာ ကြော်ထားသောအာလူးတို့ထည့်ကာ အမအောင်မွှေကာအရသာလို အပ်သလိုပြင်ပြီး နံနံပင် ပူစီနံ တို့ကို မိမိတို့နှစ်သက်သလိုဖြူးပြီးပါက အရသာရှိသော အာလူးမာလာလေးရရှိပြီပြဖြစ်ပါတယ်





