ငါးကြင်းကို ချက်စားနေကျအတိုင်းမဟုတ်ပဲ အသွင်တစ်မျိုးနဲ့စားခြင်နေတယ်မဟုတ်လား..? Chinese style ပဲပြားလေးနဲ့ စပ်စပ်လေးချက်စားကြည့်လိုက်ပါ။ အရသာရှိပြီး ချက်ရလွယ်ကူလို့ အတူချက်စားကြရ အောင် ချက်နည်းလေးပြောပြပေးမှာမို့ အတူ ချက်စား ကြရအောင်နော်။ ချက်နည်းလေးမပြောခင်ပါဝင်ပစ္စည်းတွေကတော့-
ငါးကြင်းငါး
ပဲပြား/ကြက်သွန်ဖြူ၊ နီ/ကြက်သွန်မြိတ်၊ဂျင်း
ငရုပ်သီးစိမ်း/ကော်မှုန့်အနည်းငယ် တို့ပဲဖြစ်ပါတယ်

ငါးကြင်းငါးကို ရေစင်အောင်ဆေးကာ အနေတော် အတုံးများတုံးထားပါပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်၊အနောက်၊ခရုဆီ တို့နဲ့နှယ်ကာနှပ်ထားပါ၊ ကြက်သွန်ဖြူ၊နီတို့ကို အခွံနွှာကာ ညက်အောင်ထောင်းထားပါ ဂျင်းကို ရေစင်အောင်ဆေးကာ ပါးပါးလွှာထားပါ။ ကြက်သွန်မြိတ်ကို ရေစင်အောင်ဆေးပြီး ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထား ကာ ငရုပ်သီးကိုလည်း ဓားဖြင့်ပါးပါးလှီးထားပါ။ ပဲပြားကိုရေဆေးပြီး အနေတော်လှီးကာ ဆီပူပူတွင် ရွှေရောင်သန်းအောင်ကြော်ပြီးဆီစစ်ထားပါ

အိုးတွင်ဆီအနည်းငယ်ထည့်ကာ နှပ်ထားသော ငါးများကိုထည့်ပါ၊ ထောင်းထားသော ကြက်သွန်ဖြူ၊နီ နဲ့ ဂျင်းတို့ထည့်ပြီး မီးအေးအေးဖြင့် ချက်ကာနှံ့အောင်မွှေပါ။ ငါးတို့ အနေတော်နူးလာပါက ရွှေရောင်သန်းအောင် ကြော်ထားသော ပဲပြား၊ ငရုပ်သီး၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်၊အနောက်၊ခရုဆီ နှင့် ကော်မှုန့် အနည်းငယ်ရေဖျော်ထည့်ကာ ရေခမ်းပြီးငါးတို့နူးသည်အထိ ချက်ပါ။ ငါးတို့နူးပါက အရသာမြည်းကာ ပါးပါးလှီးထားသော ကြက်သွန်မြိတ်ဖြူးပြီး မိမိနှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ