ချစ်သူရဲ့ EX ကိုမနာလိုဖြစ်နေတတ်တဲ့ အကျင့်ကိုဘယ်လိုပြုပြင်မလဲ

//s9.kh1.co/a1/a1ed60bd0f705dbe3083d8cb60a6aa90f11255a7.jpg
MPT Lifestyle

 ၂၈-ဒီ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

ချစ်သူရဲ့ EX ကိုမနာလိုဖြစ်နေတတ်တဲ့ အကျင့်ကိုဘယ်လိုပြုပြင်မလဲ

(၁) Ex ဖြစ်သူနှင့် ကိုယ့်ကိုယ်ကိုယ်မနှိုင်းယှဥ်မိဖို့လိုပါတယ်။ ပုံပန်းသွင်ပြင်အပြင် တစ်ခြားအလုပ်အကိုင်လိုမျိုးကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေမှာပါ လိုက်ပြီးနှိုင်းယှဥ်နေတာမျိုးမလုပ်သင့်ပါဘူး။

(၂) ဆိုရှယ်မီဒီယာဟာ ဆက်ဆံရေးပြဿနာတွေကိုအများဆုံးဖြစ်စေတတ်တဲ့အတွက် Ex နှင့်ပတ်သက်တဲ့ဆိုရှယ်မီဒီယာတွေကို ကြိုတင် Block ထားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းက သူ့ကို မေ့ပစ်ဖို့ပိုလွယ်ကူပြီးတော့ ဆက်ဆံရေးကိုပိုပြီးကောင်းမွန်လာစေမှာပါ။

https://s9.kh1.co/__image/w=564,h=752,q=100/6c/6c42ed3b95a139a3f6f2662b42d6b49193cc6221.jpg

(၃) ယုံကြည်ရတဲ့မိတ်ဆွေတစ်ယောက်ကို မနာလိုဖြစ်နေကြောင်းခံစားချက်တွေပြောပြပြီး အကြံဉာဏ်တောင်းခံပါ။ ဘာကြောင့်မနာလိုဖြစ်မိတယ်ဆိုတဲ့ အချက်တွေကိုပါပြောပြရင်စိတ်ထဲပေါ့ပါးသွားပြီး ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ပိုပြီးလွယ်ကူသွားမှာပါ။

(၄) ဒီလိုမနာလိုတဲ့ခံစားချက်ဖြစ်လာတာဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ယုံကြည်မှုတိုးလာအောင် အားသာချက်တွေကိုချရေးတဲ့အလုပ်မျိုးလုပ်သင့်ပါတယ်။ အတိတ်က အတိတ်ပဲဆိုတဲ့ခံယူချက်ကိုစွဲထင်သွားအောင်လုပ်နိုင်ရပါမယ်။

https://s9.kh1.co/__image/w=564,h=705,q=100/f6/f64f137a076eeaf3a351bf232552db2fb8d61b0f.jpg

(၅) တစ်ကယ်လို့ မနာလိုဝန်တိုဖြစ်နေခြင်းက Ex ဖြစ်သူကြောင့်မဟုတ်ဘဲ ပါတနာဖြစ်သူကြောင့်ဆိုရင် သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါ။ ပါတနာဖြစ်သူအနေနှင့် မရည်ရွယ်ဘဲလုပ်မိလိုက်တဲ့ဖြစ်ရပ်လည်းဖြစ်နိုင်တာကြောင့် နှစ်ယောက်အတူပူးပေါင်းပြီး ဖြေရှင်းလိုက်ရင် အလွယ်တကူဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=423,h=750,q=100/6c/6c45499e78366ce7980c8f100d82aa09a215bf1b.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T