ကမ်းခြေမှာအမှတ်တရပုံရိုက်ဖို့ ပို့စ်ပေးနည်းများ

//s9.kh1.co/b4/b4327b9ec5af493817362f84714a201407081f9d.jpg
MPT Lifestyle

 ၂၇-ဒီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ကမ်းခြေမှာအမှတ်တရပုံရိုက်ဖို့ ပို့စ်ပေးနည်းများ

တစ်ယောက်တည်း ကမ်းခြေသွားတဲ့အခါ လှပပြီးတော့ အမှတ်တရဖြစ်စေမယ့်ပုံလေးတွေရိုက်ကူးဖို့ ပို့စ်အိုင်ဒီယာလေးတွေဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/60/608750a93783d62f47730a430224f69d06a8629d.jpg

ကောင်းကင်ပြာကို ပေါ်လွင်အောင်အသားပေးထားတဲ့ ဒီလိုဆယ်ဖီးလ်ပုံတွေကလည်း ကမ်းခြေအငွေ့အသက်ရပြီး အမှတ်တရဖြစ်လွန်းတဲ့ပုံဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/ba/ba4164347e25add428a59f49a60a07cbb9d076e5.jpg

ကမ်းခြေကသဲတွေနှင့်ကစားတဲ့ပုံစံ ပို့စ်လေးကလည်း ချစ်စရာကောင်းပြီး အလွယ်တကူရိုက်နိုင်တဲ့ပို့စ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=359,q=100/c0/c0eb88faa57ade19d0b5f9e369c93bf163a55d6e.jpg

သောင်ပြင်ပေါ်မှာနာမည်ရေးပြီးပုံရိုက်တာကလည်း မဖြစ်မနေရိုက်ကူးသင့်တဲ့ ကမ်းခြေရောက်ပို့စ်တစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=704,q=100/69/697ddd839a6d476c0d83f647116d589140b7a48d.jpg

ခရုခွံလေးတွေကို ကိုယ်တိုင်ကောက်ပြီး လက်ပေါ်တင်ပြီးရိုက်တာဟာကမ်းခြေအမှတ်တရ တစ်ခုဖြစ်ပါတယ်။ ဒီလိုပုံစံမဟုတ်ဘဲ ခရုတွေကို ဆံပင်ပေါ်တင်တာမျိုး လက်ဖဝါးမှာထည့်ထားတာမျိုးလည်းလုပ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/43/4300a23ddeae6d80f2d40638848b826e6f383ceb.jpg

ကမ်းခြေနှင့်တောင်တွေရဲ့နေဝင်ချိန်ဟာအလှဆုံးဖြစ်တာကြောင့် နေဝင်ချိန်ကိုမှတ်မိနေစေမယ့် ဒီလိုပို့စ်အိုင်ဒီယာလေးတွေနှင့်လည်းရိုက်ကူးသင့်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/aa/aa433c132bca236e471fa56ac2d3dcdeb5473f7f.jpg

ဒီလိုရေဆော့နေတဲ့ပို့စ်လေးတွေကလည်း အမှတ်တရဖြစ်ပြီးကမ်းခြေရောက်ရင်ရိုက်ကိုရိုက်သင့်တဲ့ ပို့စ်လေးတွေပါ။

https://s9.kh1.co/__image/w=564,h=846,q=100/45/4504f3c0a37a51bce9a3bcd8cf68ed84db727620.jpg

ကမ်းခြေရဲ့အမှတ်အသားဖြစ်တဲ့ အုန်းပင်စိမ်းစိမ်းတွေနှင့်အတူ တွဲရိုက်တဲ့ပို့စ်တွေကလည်းကမ်းခြေရောက်ဖြစ်ရင် ရိုက်သင့်တဲ့ပို့စ်တွေပါ။

https://s9.kh1.co/__image/w=540,h=774,q=100/23/23d3b5cbc75dc1c0f35174652b8ddaf2c5d7aff3.jpg

ဂါဝန်အရှည်ကြီးတွေနှင့် ပင်လယ်နောက်ခံထားတဲ့ ပို့စ်တွေကလည်းပဲ မမေ့မလျော့ရိုက်သင့်တဲ့ ကမ်းခြေပို့စ်တစ်ခုပါ။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T