ပေါင်မုန့် အသားကပ်ကြော် ချိုချိုမွမွလေးကြော်စားမယ်

//s9.kh1.co/34/34018f2670ddc584792ef4577ab0eaa4ec70bddb.jpg
MPT Lifestyle

 ၂၇-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပေါင်မုန့် အသားကပ်ကြော်ချိုချိုမွမွလေးကြော်စားမယ်

ဒီတစ်ခါတော့ ပေါင်မုန့်လေးကို အစာသွပ်ပြီး အသားကပ်ကြော်မွမွလေးကြော်စားကြရအောင်၊ ပါဝင်ပစ္စည်းမများပဲ အရသာရှိပြီး အာဟာရပြည့်ဝလို့  ကိုယ်တိုင် စားဖို့ပဲဖြစ်ဖြစ် ၊အသက်ကြီးသူတွေ၊ ကလေးသူငယ်တွေအတွက်ပဲဖြစ်ဖြစ် လုပ်စားလို့သင့်တာမို့ လုပ်နည်းလေးပြောပြပေးမှာပဲဖြစ်ပါတယ်

ပါဝင်ပစ္စည်းတွေကတော့-

ပေါင်မုန့်

ကြက်ဥ/ပျားရည်၊ကော်မှုန့်

မုန့်ကြွပ်မှုန့်/ငှက်ပျောသီး

ထောပတ်ဆီ တို့ပဲ ဖြစ်ပါတယ်/ငှက်ပျောသီးကိုပါးပါးလှီးထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/b6/b678581560047a3ddfe819e4961fa9f23caee15a.jpg

- ဒယ်ပူပူတွင် ထောပတ်ဆီထည့်ကာပါးပါးလှီးထားသောငှက်ပျောသီး၊ ပျားရည် အနည်းငယ် နဲ့ ကော်မှုန့် အနည်းငယ် ရေဖျော်ထည့်ပြီး ကျေအောင်အပူပေးကာ အဆာပြုလုပ်ထားပါ

-ပေါင်မုန့်ကို လှိမ့်တံ(သို့)ပိုက်လုံး ဖြင့် ပါးပါးလှိမ့်ထားပြီး အဆာထည့်ကာခပ်ပြားပြားလှိမ့်ကာ ထိပ်နှစ်ဖက်ကို လက်ဖြင့်ဖိကာပိတ်ပါ

https://s9.kh1.co/__image/w=650,h=342,q=100/b9/b963c69b7508b6772f72859d1ecbafe3ad92c821.jpg

-ကြက်ဥကို ပန်ကန်တစ်ချပ်တွင်ဖောက်ထည့်ကာ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ရေဖျော်ထားသော ကော်မှုန့် အနည်းငယ်ထည့်ကာ သမအောင်ခေါက်ထားပေးပါ

            -ငှက်ပျောတို့ထည့်ကာလှိမ့်ထားသောပေါင်မုန့်ကို ကြက်ဥတွင်နှစ်ကာ မုန့်ကြွပ်မှုန့်ဖြင့်လူးပြီး ဆီပူပူတွင်ကြော်ပါ။ ပေါင်မုန့်တို့ ရွှေရောင်သန်းကာ ရဲလာပါက ဆယ်ယူကာ ဆီစစ်ပြီး မိမိနှစ်သက်သလို နို့ဆီဆမ်း ၍ သော်လည်ကောင်း သကြားဖြူး၍သော်လည်ကောင်း မိမိနှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T