မိန်းကလေးအများစုဟာ ဆက်ဆံရေးတွေမှာပွင့်လင်းမှုသိပ်မရှိတာကြောင့် တစ်ဖက်ပါတနာအနေနှင့်တစ်ခါတစ်လေမှာအခက်တွေ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာသူတို့ရဲ့အတွင်းစိတ်တွေကို တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ဖော်ပြလေ့ရှိကြတာကြောင့် အတွင်းစိတ်ကိုသိနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။

မျက်လုံးအကြည့်တွေဟာ ခံစားချက်ကိုဖုံးကွယ်နိုင်လေ့မရှိတာကြောင့် စကားပြောနေချိန်မှာမျက်လုံးအကြည့်တွေကိုသတိထားကြည့်သင့်ပါတယ်။ ဒါ့အပြင် အသံအနေအသံထားနှင့် ခန္ဓာကိုယ်အမူအယာတွေကလည်း ခံစားချက်တွေကိုဖော်ပြလေ့ရှိပါတယ်။ စိတ်အဆင်မပြေတော့ရင် ခန္ဓာကိုယ်ပုံစံကပါလိုက်ပြီးပြောင်းလဲသွားတာကြောင့် ဂရုစိုက်ကြည့်ရင်သိနိုင်မှာပါ။

သူတို့ရဲ့စကားလုံးအသေးအမွှားလေးတွေကလည်း ပြောင်းလဲသွားတဲ့စိတ်ခံစားချက်တွေကိုဖော်ပြနေလေ့ရှိပါတယ်။ အရိုးရှင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့ခံစားချက်တွေကိုတိုက်ရိုက်မေးလိုက်တာဖြစ်ပါတယ်။ ဒီလိုမေးတဲ့အချိန် စကားလုံးတွေကိုသေချာလေးရွေးချယ်သုံးတတ်ဖို့လည်းလိုအပ်ပါတယ်။
