မိသားစုအများစုမှာ အကြီးဆုံးသားသမီးတွေဟာကျန်တဲ့သူတွေထက်ပိုပြီး မိဘနှင့်နီးကပ်တဲ့အပြင် ဖိအားတွေကိုလည်းပိုခံစားကြရလေ့ရှိပါတယ်။ အကြီးဆုံးဆိုတဲ့အကြောင်းပြချက်ကြောင့် အကြီးဆုံးသမီးအများစုမှာ တူညီတဲ့အလေ့အကျင့်နှင့်ပုံစံတွေရှိကြပါတယ်။

(၁) အကြီးဆုံးသမီးတွေဟာ ကျန်တဲ့မောင်နှမတွေထက်တာဝန်သိစိတ်ပိုရှိကြပါတယ်။ မိဘအပါအဝင် မောင်နှမတွေအပေါ်မှာပါသိတတ်ကြပြီး မိဘတွေနည်းတူတာဝန်ယူချင်စိတ်ရှိတဲ့သူတွေပါ။
(၂) အကြီးဆုံးဖြစ်တာကြောင့် မိဘဆွေမျိုးတွေရဲ့မျှော်မှန်းချက်တွေကို ဖြည့်ဆည်းဖို့တစ်ခြားသူတွေထက်ပိုကြိုးစားကြရလေ့ရှိပါတယ်။

(၃) မောင်နှမတွေအပါအဝင် အငယ်တွေကိုဦးဆောင်လေ့ရှိတာကြောင့် ရွယ်တူတွေနှင့်ပေါင်းသင်းတဲ့အခါ အခက်အခဲဖြစ်တတ်ကြပါတယ်။
(၄) မိသားစုအတွင်းမှာလည်း အငယ်တွေကိုဦးစားပေးကြလေ့ရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ်ထက် တစ်ခြားသူတွေကိုဦးစားပေးတတ်တဲ့အကျင့်မျိုး ရှိတတ်ကြပါတယ်။

(၅) မောင်နှမအငယ်တွေကြားမှာ အလျှော့ပေးရတာ ငြင်းခုန်မှုတွေမှာလက်လျှော့ရလေ့ရှိတာကြောင့် အလွယ်တကူအလျှော့ပေးတတ်ကြတဲ့သူတွေဖြစ်လာတတ်ပါတယ်။
(၆) အကြီးဆုံးဖြစ်ပြီး မိဘတွေရဲ့အားကိုးတာကိုခံရတာကြောင့် မိဘတွေနည်းတူမိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတွေကိုခံစားကြရလေ့ရှိပါတယ်။
