အဆက်အသွယ်မပြတ်စေဖို့အတွက် ဖုန်းဒါမှမဟုတ် ဆိုရှယ်မီဒီယာကနေတစ်ဆင့်အမြဲတမ်းဆက်သွယ်မှုရှိနေပါ။ အဆက်အသွယ်ပြတ်ခြင်းဟာ အတွဲတွေပြတ်ဆဲခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်တာကြောင့် အဆက်အသွယ်မပြတ်သွားဖို့သတိထားရပါမယ်။ နေ့စဥ်ဘဝအကြောင်းအရာလေးတွေကို အချင်းချင်းမျှဝေပေးတာကလည်း ဆက်ဆံရေးကိုပိုနွေးထွေးစေနိုင်ပါတယ်။

အနေဝေးနေတာကြောင့် နှစ်ယောက်ကြားကရိုးသားမှုနှင့်ပွင့်လင်းမှုဟာဆက်ဆံရေးအခြေအနေတစ်ခုလုံးကိုပြောင်းလဲစေနိုင်ပါတယ်။ ရိုးသားမှုရှိပြီး ပြဿနာတစ်စုံတစ်ရာကြုံလာရရင် အချင်းချင်းတိုင်ပင်ပြောဆိုပြီးဖြေရှင်းသင့်ပါတယ်။ ဒါ့အပြင် တစ်ယောက်ကိုတစ်ယောက်အပြစ်တင်တာမျိုးမလုပ်ဘဲ တတ်နိုင်တဲ့နည်းလမ်းနှင့်ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားသင့်ပါတယ်။

LDRS ဖြစ်နေပေမဲ့ ပြင်ပဘဝမှာတွေ့နိုင်ဖို့ အခွင့်အရေးကိုအမြဲတမ်းစောင့်နေကြောင်း ပါတနာဖြစ်သူသိအောင်ပြောပြရပါမယ်။ လူကိုယ်တိုင်မတွေ့နိုင်သေးတဲ့အခြေအနေမှာ လက်ဆောင်ပစ္စည်းတွေပေးပို့တာလိုမျိုးအပြုအမူလေးတွေနှင့်ဖော်ပြသင့်ပါတယ်။






