လမ်းခွဲပြီးသွားပြီဖြစ်ပေမဲ့ အပြင်မှာဒါမှမဟုတ် ဆိုရှယ်မီဒီယာကနေသူ့ပုံတွေကိုဆက်တိုက်တွေ့နေခြင်းကလည်း မေ့ပစ်ဖို့ခဲယဥ်းစေပါတယ်။ ဒါ့အပြင် EX ဖြစ်သူနှင့်ကောင်းမွန်တဲ့အမှတ်တရတွေကိုပဲ ဆက်တိုက်သတိရနေခြင်းကလည်း ဆက်ဆံရေးအပေါ် နိုင်ဖို့ခက်ခဲစေပါလိမ့်မယ်။

တစ်ချို့လူတွေဟာ ဆက်ဆံရေးအပေါ်ကိုလုံးဝစိတ်နှစ်ပုံအပ်လိုက်ကြတာကြောင့် ဒီလိုလမ်းခွဲရတဲ့အခြေအနေကြုံလာရင်တစ်ယောက်တည်းရပ်တည်ဖို့ခက်ခဲတတ်ပါတယ်။ တစ်ဖက်လူအပေါ်လုံးဝမှီခိုနေမိတာမျိုးဖြစ်တတ်ပါတယ်။

ကိုယ်ကိုယ်တိုင်က ဆက်ဆံရေးနှင့်တစ်ဖက်လူကိုလက်လွှတ်ပေးချင်စိတ်မရှိသေးရင်လည်း အလွယ်တကူမမေ့နိုင်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ဖက်လူကို ကိုယ့်ရဲ့စံပြချစ်သူတစ်ယောက်အနေနှင့်ပုံဖော်ထားပြီး သူနှင့်ပတ်သက်တဲ့အနာဂတ်အစီအစဥ်တွေကိုပါ အများကြီးစဥ်းစားထားမယ်ဆိုရင် မေ့ဖျောက်ပစ်ဖို့ပိုပြီးခက်ခဲနေမှာဖြစ်ပါတယ်။






