မြန်မာနိုင်ငံမှ ပကူးလူမျိုးများအကြောင်း

//s9.kh1.co/65/659246f87056e496760de384f9ca75f003b5e491.jpg
MPT Lifestyle

 ၁၈-ဒီ-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကရင်တိုင်းရင်းသား မျိုးနွယ်စုမှ ခွဲထွက်နေသော ပကူးလူမျိုးများ

ကရင်လို့ အများသိထားကြတဲ့ ကရင်လူမျိုးထဲမှာပဲ အခြားမျိုးနွယ်စုတွေ များစွာ ရှိပါသေးတယ်။ အဲ့ထဲမှာ ပကူးလူမျိုးတွေလဲ ပါဝင်နေတာ ဖြစ်ပါတယ်။ ကရင် ဘာာသာစကား အရ လှည့်လည်နေထိုင်တဲ့ လူမျိုးလို့ အဓိပ္ပာယ်ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=600,q=100/cf/cfa987a54611fe3c9c647423026611385cf3a4ed.jpg

ပကူးအမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်ပုံက အစင်းအနည်းငယ်သာပါတဲ့ သင်တိုင်းအဖြူရောင်၊ ဘောင်းဘီအနက်၊ နက်ပြာခေါင်းပေါင်း နှင့်စလွယ်သိုင်း လွယ်အိတ်ကို ဆင်မြန်းကြပါတယ်။ အမျိုးသမီးတွေကတော့ သင်တိုင်းကို ပန်းဖော်ထားတဲ့ ခါးပတ်အနက်ရောင်နှင့် ခေါင်းစီးပုဝါတွေကို ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=275,h=183,q=100/b6/b62602ac3350e5f402c63b115e13be4b6ec77bd7.jpg

စကောကရင်ထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုဖြစ်ပြီး ယဉ်ကျေးမှုအားဖြင့် ထူးထူးခြားခြား ကွဲထွက်နေသည်မဟုတ်။ သို့ပေမယ့် အစွဲအလမ်းကြီးတဲ့ ပကူးလူမျိုးတွေက မိမိတို့ဘာသာ သီးခြားအဖြစ်ကွဲထွက်ပြီး လူမျိုးအမည်ကို သတ်မှတ်ခေါ်ဆိုခဲ့ကြတာပါ။ တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊ မော်ချီမိုင်းဒေသ၊ ဘောဂလီ၊ စစ်စီးတောင်နှင့် ပြောင်သိုအရပ်တွေမှာ အများဆုံးနေထိုင်ကြတဲ့ လူမျိုးစုပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/8c/8cb73802f37f76cc5a5a8bdb06918f9a0dfdb567.jpg
Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T