(၁) ကိုယ့်မျှော်မှန်းချက်တွေကို အစစ်အမှန်မဟုတ်တာတွေနှင့်အချိန်မကုန်ပါစေနဲ့။ တစ်ကယ်ဖြစ်လာနိုင်ခြေရှိတဲ့မျှော်လင့်ချက်တွေကိုချမှတ်ပြီး ထပ်ကြိုးစားဖို့စိတ်ခွန်အားမွေးမြူပါ။
(၂) ကိုယ့်ရဲ့ Comfort Zone ထဲကနေရအောင်ထွက်ပါ။ ကြီးကြီးမားမားမဟုတ်ဘူးဆိုရင်တောင် ကိုယ်လုပ်နေကျအရာတွေထဲကတစ်ခုခုကိုဖောက်ထွက်ပြီးလုပ်ကြည့်ရပါမယ်။

(၃) ကိုယ့်ရဲ့လက်ရှိအခြေအနေကိုတစ်ခြားသူတွေနှင့်လိုက်ပြီးနှိုင်းယှဥ်နေတာမျိုး မလုပ်မိပါစေနဲ့။ ဒီလိုတွေယှဥ်နေမိရင် ပိုပြီးစိတ်ဓာတ်ကျစရာကောင်းတဲ့အတွေးတွေပဲတွေးနေမိပါလိမ့်မယ်။
(၄) ဒီလိုလမ်းပျောက်နေတဲ့အချိန်တွေမှာ ပတ်ဝန်းကျင်နှင့်တစ်ခြားသူတွေထက် ကိုယ့်အတွက်ကိုယ်ပိုပြီး အာရုံစိုက်ထားပါ။ အားကစားလုပ်တာ ဝါသနာပါတဲ့အရာတွေလုပ်တာမျိုးလုပ်ပြီး ရှုပ်ထွေးနေတဲ့စိတ်တွေကိုပြန်စုစည်းနိုင်ပါတယ်။

(၅) ကိုယ့်ပျော်ရွှင်မှုဖြစ်လာစေတဲ့အရာတွေကို လိုက်ရှာကြည့်ပါ။ ဘဝမှာ ပျော်ရွှင်စေတဲ့အရာကိုနေ့တိုင်းလုပ်ရခြင်းက ဆုလာဒ်တစ်ခုပဲဖြစ်တာကြောင့် လမ်းပျောက်နေတယ်လို့ခံစားရရင် ပျော်ရွှင်စေတဲ့အရာတွေလုပ်ရင်း ကိုယ့်ရဲ့ Passion ကိုရှာဖွေပါ။
(၆) စိတ်ကိုလေ့ကျင့်ပါ။ စိတ်ညစ်မှုတွေ ရှုပ်ထွေးမှုတွေ ဒီလိုအရာတွေကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဖြစ်လာစေဖို့ စာဖတ်တာလိုမျိုးကနေတစ်ဆင့်လေ့ကျင့်ပါ။
