မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသားတို့ရဲ့ မနောအက

//s9.kh1.co/72/723b608b7bfa3cf4f3f18d7b99b4625d648f8169.jpg
MPT Lifestyle

 ၁၅-ဒီ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ရိုးရာအစဉ်အလာများနှင့် ယနေ့တိုင် စည်ကားမြိုင်ဆိုင်နေသော မနောအက

မေခ၊ မလိခဆုံတဲ့ နယ်မြေဟာ ကချင်တိုင်းရင်းသားတို့ရဲ့ ဇာတိမြေဖြစ်ပါတယ်။ ကချင်တို့ရဲ့ မနောအကဟာ နတ်ပူဇော်ပွဲများနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ရေ၊ မြေ၊ တောတောင်၊ ကမ္ဘာမြေကြီး၊ လေ၊ နေ၊ အာကာသ၊ မိုး အစရှိသဖြင့် နတ်အ‌မျိုးမျိုးကို ကိုးကွယ်ခဲ့ကြတဲ့ အစဉ်အလာရှိတဲ့ လူမျိုးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/8e/8efa802c1d94a5c7956ce0ad1a9ac606def114be.jpg

အဆင့်အတန်းနဲ့ အမျိုးအနွယ်ကိုလိုက်ပြီး နတ်ကိုးကွယ်မှုကလဲ ကွဲပြားပါသေးတယ်။ အာကာသကို ပိုင်စိုးတဲ့ ပဒိုင်နတ်မင်းကြီးကို ဒူးဝါးကြီးများကသာ ပူဇော်ခွင့်ရတာ ဖြစ်ပြီး ယနေ့ထိတိုင် မနောပွဲကို ဒူးဝါးကြီးများက ဉီးဆောင်ပြုလုပ်ကြတာ ဖြစ်ပါတယ်။ မနောပွဲများကို ဆောင်းနှင့်နွေရာသီမှာ (8) ရက်တာ ကျင်းပကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/09/09b7bc8373f23fa57abe6f9ab281bef5699c4d5c.jpg

ယခင်နတ်ကိုးကွယ်မှုကို အဓိကထားတဲ့ မနောပွဲဟာ ဒီကနေ့မှာတော့ အောင်ပွဲခံ မနောပွဲအဖြစ်ကို ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ ထိုပွဲကျင်းပဖို့ အတွက် ငွေကုန်ကြေးကျများစွာရှိတာကြောင့် တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး လပေါင်းများစွာ ကြိုတင်ပြင်ဆင်ရပါတယ်။ အကြောင်းကိစ္စ တစ်စုံတစ်ရာရှိရင်လဲ မနောပွဲကို ကျင်းပကြတာမျိုးလဲရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/c0/c06abb051a8484d4e0f38d0fae6f76113be47b7b.jpg

မနောကွင်းထဲမှာ နတ်ကွန်းရှိပြီး ပူဇော်ပသမှုများပြုလုပ်ကာ စိုက်ထူထားတဲ့ မနောတိုင်များကို ကျား၊ မ အားလုံး ဝိုင်းပတ်ကာ မနောအကကို ပျော်ပျော်ရွှင်ရွှင် ကခုန်ကြပါတယ်။ မနောအက မတိမ်ကောဖို့အတွက် လူငယ်သီးသန့် မနောပွဲတွေကိုလဲ ခွင့်ပြုပေးထားကြတာကလဲ ကြည်နူးစရာပါ။ ကချင်လူမျိုးတွေသာမက အခြားသော တိုင်းရင်းသားများနှင့် နိုင်ငံခြားသားများကပါ အဆိုပါ မနောပွဲကို နှစ်စဉ်ဝင်ရောက် ဆင်နွှဲကြတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=433,q=100/cd/cd9c92cb79eb38ee20a5f053831a9f868906feda.jpg
Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T