အရသာရှိတဲ့ ဝက်သားငုံးဥ ချိုချဉ်လေးချက်စားကြရအောင်နော်
ပါဝင်ပစ္စည်းတွေကတော့-
ဝက်သား/ငုံးဥ/နံနံပင်၊ ကြက်သွန်မြိတ်
ကြက်သွန်ဖြူ၊နီ၊ဂျင်း/ဆောစ့်ချဉ်
ငရုပ်သီး အနည်းငယ် တို့ပဲဖြစ်ပါတယ်

ဝက်သားကို ရေစင်အောင်ဆေးကာ အတုံးငယ်များတုံးထားပါ၊ ငုံးဥကိုလည်း ပြုတ်ကာ အခွံနွှာထားပါ ၊ နံနံပင်၊ ကြက်သွန်မြိတ် တို့ကို ရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့် နုတ်နုတ်ညှပ်ထားပါ။ ကြက်သွန်ဖြူ ၊ နီ၊ဂျင်းတို့ကို ရေစင်အောင်ဆေးကာ ညက်အောင်ထောင်းထားပါ

အတုံးငယ်များတုံထားသော ဝက်သားကို ဆား၊ အရသာမှုန့် ၊ပုဇွန်ငံပြာရည်၊ ခရုဆီ၊ ငရုပ်ကောင်း၊ တို့နဲ့ ဆီအနည်းငယ် ထည့်ကာ လုံးပေးပါ။ ဝက်သားတို့ အနည်းငယ်မာလာပါက ဆောစ့်ထည့်မွှေကာရေအနည်းငယ် ထည့်ပေးပြီး ငုံးဥတို့ထည့်ကာ ဝက်သားတို့နူးသည်အထိ ချက်ပေးပါ
ဝက်သားတို့နူးကာ ဆီပြန်လာပါက အရသာအပေါ့အငံမြည်းပြီး ငရုပ်သီးထည့်ကာ