ကြက်ခြေထောက် အစပ်လေးချက်စားမယ်

//s9.kh1.co/e0/e0c475ced24bf5cfc18dc1c87d5ffde9cca590a3.jpg
MPT Lifestyle

 ၁၄-ဒီ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ကြက်ခြေထောက်အစပ်လေးချက်စားမယ်

ဒီတစ်ခါတော့ကြက်ခြေထောက်ကို ဘယ်လိုလုပ်စားရမလဲမသိတဲ့သူတွေ အတွက် ကြက်ခြေထောက် အစပ်ချက်နည်းလေး‌ပြောပြပေးမှာဖြစ်ပါတယ်။ ကြက်ခြေထောက်အစပ်ချက်လေးက အရသာရှိပြီး ကုန်ကျစရိတ်နဲနဲ နဲ့ ထမင်းမြိန်စေမှာမို့ အတူချက်စားကြည့်ကြရအောင်နော်

https://s9.kh1.co/__image/w=650,h=342,q=100/26/26bb18e54827d93a9465bd70a9e7b616c58a84dd.jpg

ပါဝင်ပစ္စည်းတွေကတော့-

ကြက်‌ခြေထောက်

ကြက်သွန်ဖြူ/နီ/ငရုပ်သီးခြောက်၊ ငရုပ်သီးစိမ်း

နံနံပင် / ပင်စိမ်းအနည်းငယ်/စပါလင် အနည်းငယ်တို့ပဲဖြစ်ပါတယ်

-ကြက်ခြေထောက်ကို ဖြတ်တောက်ကာ ရေစင်အောင်ဆေးပြီး ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်၊ ငရုပ်ကောင်း၊ ခရုဆီ အနည်းငယ်ထည့်ပြီး နယ်ထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/0c/0c1aa0b854c1742e8f8ffbd66aeb9facb0036857.jpg

            -ကြက်သွန်ဖြူ၊ နီ ၊ငရုပ်သီးခြောက်၊ ငရုပ်သီးစိမ်း၊ အရောင်မှုန့် ၊ စပါးလင်တို့ကို ညက်အောင်ထောင်းထားပါ ဒယ်အိုးတွင်ဆီအနည်းငယ်ထည့်ပြီး ကြက်ခြေထောက်ထည့်ကာ မီးအေးအေးဖြင့် မိနစ်အငယ်ငယ် အထက်အောက်မွှေကာ အပူပေး ပြီး ထောင်းထားသာ ကြက်သွန်ဖြူ၊နီ တို့ထည့်ကာ အထက်အောက်မွှေပေးပါ

            ကြက်ခြေထောက်တို့ နဲ့ ထောင်းထားသော ကြက်သွန်ဖြူ၊နီ၊ငရုပ်သီးတို့ သမကာ အနံ့မွှေးလာပါက ရေအနည်းငယ်ထည့်ပြီး ကြက်ခြေထောက်တို့ နူးအောင်ချက်ပေးပါ ကြက်ခြေထောက်တို့ နူးလာပါက အရသာ အပေါ့အငံ လိုအပ်သလိုပြင်ကာ ပင်စိမ်း၊ နံနံပင်တို့ကို နှစ်သက်သလိုထည့်ပြီး ရေခမ်းပြီးဆီပြန် လာသည်အထိချက်ပါ ကြက်ခြေထောက်တို့နူးကာရေခမ်းပြီးဆီပြန်လာပါက အရသာရှိသောကြက်ခြေထောက် အစပ်ချက်လေးရပါပြီ

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T