အာလူးကိုကြိုက်ပေမယ့် အမြဲချက်စားနေရတဲ့အတွက် စားချင်စိတ်တွေကုန်နေပြီလား? ဘယ်လိုလုပ်စားရမလဲကောမသိတော့ဘူးလား? အာလူးကို ဒီလိုလေးစမတ်ကျကျနဲ့လှလှပပလေးကြော် ပြီးဆောစ့်လေးနဲ့ အရသာရှိရှိစားကြရအောင်ကြော်နည်းလေးပြောပြမယ်နော်
ပါဝင်ပစ္စည်းတွေကတော့-
အာလူး/ငရုပ်ပွအနီ၊အစိမ်း/ကြက်သွန်မြိတ်
ခြစ်ဖြင့်ပါးပါးခြစ်ထားသော ချိစ့် အနည်းငယ်/ဂျုံမှုန့် အနည်းငယ်၊ ကော်မှုန့်အနည်းငယ် တို့ပဲဖြစ်ပါတယ်။

အာလူးကို နူးအောင်ပြုတ်ကာကြေအောင်ကြိတ်ထားပါ ၊ ငရုပ်ပွ အနီ အစိမ်းကို အစေ့ထုတ်ကာ အတုံးနုတ်နုတ်တုံးထားကာ ကြက်သွန်မြိတ်ကိုလည်းရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါ။ ညက်အောင် ကြိတ်ထားသာ အာလူးကို ပန်ကန်တစ်လုံးတွင်ထည့်ကာ ငရုပ်ပွ၊ကြက်သွန်မြိတ်၊ချိစ့်၊ဂျုံမှုန့် နဲ့ ကော်မှုန့် အနည်းငယ်ထည့်ကာနှံ့အောင်နယ်ပါ

နယ်ထားသောအာလူးကို ဂျုံမှုန့်ဖြူးကာ လုံးပြီး လှိမ့်တံ (သို့) ပိုက်လုံးဖြင့် ပြားပြားလှိမ့်ပါ ပြားထားသောအာလူးကို ဓားဖြင့် ခပ်သေးသေးအချောင်းငယ်များလှီးဖြတ်ထားကာ ဆီပူပူတွင် ရွေရောင် သန်းအောင်ကြော်ပါ။ အာလူးတို့ရွှေရောင်သန်းကာ ကြွပ်ကြွပ်ရွရွအနေအထားရပါက ဆယ်ယူကာ အအေးခံပြီး မိမိနစ်သက်ရာဆောစ့်တစ်မျိုးမျိုးဖြင့် တွဲဖက်ကာသုံးဆောင်နိုင်ပါပြီ