အမျိုးသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့မိန်းကလေးအသုံးအဆောင်များ

//s9.kh1.co/17/17a403e216dd5a89923d54875bed46a8a2c931b5.jpg
MPT Lifestyle

 ၁၃-ဒီ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

အမျိုးသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့မိန်းကလေးအသုံးအဆောင်များ

Skirts

စကပ်တွေဟာ အီဂျစ်ခေတ်လောက်ကတည်းပေါ်ပေါက်လာခဲ့တဲ့ ဖက်ရှင်တစ်ခုပါ။ လက်ရှိအချိန်မှာတော့ စကပ်ကိုအမျိုးသမီးအဝတ်အစားအဖြစ် သတ်မှတ်ထားပေမဲ့ နဂိုတုန်းကစကပ်ဟာအမျိုးသားတွေဝတ်ဆင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ရှေးအီဂျစ်ခေတ်နှင့်ဘာဘီလုံခေတ်ကစစ်သည်တွေဟာ စစ်တိုက်တဲ့နေရာမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင်စကပ်အတိုလေးတွေဝတ်ဆင်ပြီး စစ်တိုက်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/37/37093e61b3e2d731672dbc5f03fd9e4a2b4cebeb.jpg

Stockings

အသားကပ်ဘောင်းဘီနှင့်ခြေအိတ်တွေဟာလည်းပဲ နဂိုကအမျိုးသားတွေဝတ်ဆင်ဖို့ရည်ရွယ်ထားတဲ့အရာပါ။ ဥရောပအမျိုးသားတွေဟာ မြင်းစီးတဲ့အချိန် အအေးဒဏ်ကိုကာကွယ်ဖို့အတွက် အသားကပ်ဘောင်းဘီတွေကိုဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/37/3794520a8135f08523228e8fa2336fb42b714330.jpg

Crop Tops

လက်ရှိမှာ အမျိုးသမီးတွေအတွက်သီးသန့်လိုဖြစ်နေတဲ့ ခါးတိုအင်္ကျီလေးတွေဟာလည်း အမျိုးသားတွေအတွက်ရည်ရွယ်ထုတ်ထားတဲ့အရာတွေပါ။ အားကစားလုပ်ပြီး ခန္ဓာကိုယ်လှတဲ့အမျိုးသားတွေဟာ ဒီလိုခါးတိုတွေဝတ်ပြီး သူတို့ခန္ဓာကိုယ်အလှကိုဖော်ထုတ်နိုင်ဖို့ရည်ရွယ်ထုတ်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=451,h=676,q=100/1f/1f282360f63b556f3784617bb08fbb79bb683af5.jpg

High Heels

လက်ရှိအမျိုးသမီးသီးသန့်အလှကုန်ဖြစ်သွားတဲ့ ဒေါက်ဖိနပ်တွေဟာ နဂိုကအမျိုးသားတွေအတွက်ထုတ်ထားတာဖြစ်ပါတယ်။ တော်ဝင်စစ်သည်တွေ နှင့် အထက်တန်းလွှာအမျိုးသားတွေက ဂုဏ်သရေရှိရှိလမ်းလျှောက်နိုင်ဖို့ရည်ရွယ်ထုတ်ထားတာပါ။ ဒါ့အပြင်မြင်းစီးတဲ့အချိန် မြင်းပေါ်တက်ရလွယ်ကူအောင်အကူအနေနှင့်လည်း‌ ဒေါက်ဖိနပ်ကိုအသုံးပြုခဲ့ကြတာပါ။

https://s9.kh1.co/__image/w=650,h=975,q=100/99/99cf76643b72f879a163f98fdbf38c46831dd4bb.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T