
ဒီလို Floral စကပ်အရှည်လေးတွေဟာ အကြပ်မဝတ်ချင်တဲ့မိန်းကလေးတွေအတွက် အဆင်ပြေသလို နှစ်ရောင် သုံးရောင်ရောထားလေ့ရှိတာကြောင့် တွဲဖက်ဝတ်ရမယ့်အင်္ကျီသိပ်မစဥ်းစားရတဲ့စကပ်လေးတွေပါ။

စကပ်အပွပုံစံဖြစ်ပြီးတော့ အတွန့်ကိုသုံးဆင့်ထည့်ထားတာကြောင့် သာမာန်ထက်ပိုဝဲကားတဲ့စကပ်အမျိုးအစားပါ။ များသောအားဖြင့် ခရီးထွက်တဲ့အချိန်နှင့် ကမ်းခြေတွေမှာ ပုံရိုက်ဖို့အဆင်ပြေတဲ့ စကပ်ဒီဇိုင်းဖြစ်ပါတယ်။

ဒီလိုအတွန့်အထပ်တွေအများကြီးထည့်ထားတဲ့ စကပ်ရှည်တွေဟာအခုနောက်ပိုင်းမှာပြန်ခေတ်စားလာတဲ့ Retro စကပ်တွေဖြစ်ပါတယ်။ ဘယ်အင်္ကျီနှင့်မဆိုလိုက်ဖက်ပြီးတော့ Vintage အငွေ့အသက်ရစေတဲ့ဖက်ရှင်ဖြစ်ပါတယ်။

တစ်ဖြောင့်တည်းဖြစ်ပြီး ကျော့ရှင်းတဲ့ဒီလိုစကပ်အကြပ်အရှည်တွေဟာ ကျက်သရေရှိသလို ကိုအတော်လေးလှသွားစေနိုင်တဲ့ စကပ်တွေဖြစ်ပါတယ်။

ပတ်စကပ်ရှည်တွေဟာလည်း ဝတ်ဆင်ရလွယ်ကူသလို လှပကျော့ရှင်းတဲ့ခံစားချက်ဖြစ်စေတဲ့ စကပ်ဒီဇိုင်းဖြစ်ပါတယ်။





