အတိတ်ကဖောက်ပြန်ခံရဖူးသူတွေဟာ ဆက်ဆံရေးတစ်ခုထပ်ပြီးတည်ဆောက်ဖို့ ခက်ခဲနေတတ်ကြပါတယ်။ ဒီလိုလူတွေအတွက် ဖောက်ပြန်ခံရမှာကို ကြောက်နေတဲ့ခံစားချက်ကိုကျော်လွှားနိုင်တဲ့ နည်းလမ်းကောင်းတွေကိုဖော်ပြပေးပါမယ်။

(၁) ဆိုရှယ်မီဒီယာအကောင့်တွေကို မစူးစမ်းပါနဲ့။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ကြောက်ရွှံ့မှုကြောင့် တစ်ဖက်လူရဲ့ကိုယ်ရေးကိုယ်တာကိုကျော်ပြီး ဆိုရှယ်မီဒီယာအကောင့်တွေဝင်စစ်တာမျိုးလုပ်ခြင်းဟာ သံသယတွေကိုပဲပိုပြီးတိုးပွားလာစေမှာဖြစ်ပါတယ်။
(၂) အကွာအဝေးများများမထားပါနဲ့။ အနေဝေးချစ်သူတွေဖြစ်နေတယ်ဆိုရင်တောင် ဆက်သွယ်လို့ရတဲ့နည်းလမ်းနှင့်ဆက်သွယ်သင့်ပါတယ်။ အနေဝေးတာကြာလာခြင်းဟာ သံသယတွေကိုပိုဆိုးစေပြီး ကြောက်ရွှံ့မှုတွေပိုဖြစ်လာစေမှာကြောင့်ပါ။

(၃) ကိုယ့်ကိုယ့်ကိုယ်အချစ်ခံရအောင်နေထိုင်ပါ။ တစ်ဖက်လူဆီကနေ သစ္စာရှိမှုကိုတောင်းခံချင်တယ်ဆိုရင် ကိုယ်တိုင်ကလည်း သစ္စာရှိနေဖို့လိုအပ်ပါတယ်။ ဒါ့အပြင်ပါတနာဖြစ်သူက ချစ်နေအောင်နေထိုင်တတ်ရပါမယ်။
(၄) နောက်ဆုံးအနေနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရပါမယ်။ ဒီလိုယုံကြည်ချက်သာရှိနေမယ်ဆိုရင် ဒီလိုကြောက်ရွှံ့မှုနှင့် သံသယတွေကနေအလွယ်တကူလွတ်မြောက်သွားနိုင်မှာဖြစ်ပါတယ်။
