အချိုတည်းစရာ နို့ကြက်ဥပူတင်းလေး လုပ်စားကြရအောင်

//s9.kh1.co/95/95522b1b6c15a63131ed574cc4d46da43b998c77.jpg
MPT Lifestyle

 ၀၆-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အချိုတည်းစရာ နို့ကြက်ဥပူတင်းလေး လုပ်စားကြရအောင်

ထမင်းစားပြီး အချိုတည်း စရာတစ်ခုခုစားရမှ စိတ်အာသာပြေတဲ့သူတွေအတွက် အရသာရှိပြီး ကျန်မာရေးနဲ့ ညီညွတ်တဲ့ နို့ကြက်ဥ ပူတင်းလေးလုပ်စားကြမယ်... အချိုတည်းရုံ သာမကပဲ လူကြီးတွေနဲ့ ကလေးငယ်တွေ အတွက်ပါ ဓာတ်စာအဖြစ်လုပ်ကြွေးလို့ရလို့ အတူလုပ်ကြည့်ကြရအောင်..

https://s9.kh1.co/__image/w=650,h=342,q=100/80/80d2f45fd8ea0d54e0f2f9d65dd12d8f1b0a4b9e.jpg

နွားနို့ 500 ml ကို ပွက်ပွက်ဆူကာ မလှိုင်တက်ပြီး အနည်းငယ်ကျန်သည်အထိကြိုပါ သကြား 60g ကိုလည်းမီးအပူပေးကာ အရည်ဖြစ်အောင်ကြိုပါ။ သကြားရည် ရပါက ကြိုထားသော နွားနို့ထည့်ကာ မီးအေးအေးဖြင့် အပူပေးထားပါ   ကြက်ဥအလုံးကြီးနှစ်လုံးကို ဗနီလာ အနည်းငယ် ဆားအနည်ငယ်ထည့်ကာ အကာအနှစ်သမအောင်ခေါက်ပြီး ကြိုထားသောနွားနို့တို့ထည့်ကာ ခေါက်တံဖြင့် သမအောင်ခေါက်ထားပါ။

https://s9.kh1.co/__image/w=650,h=342,q=100/44/4447d9199f46b56192ad2db7b29d07facc16111e.jpg

ခေါက်ထားသော ကြက်ဥများကို ဖန်ပန်းကန်လုံးတွင် တစ်ဝက်ခန့်စီ ထည့်ကာ ပလက်စတစ် အကြည်အုပ်ပြီး ရေနွေးပွက်ပွက်ဆူတည်ထားသော အိုးတွင်ပေါင်းခွက်ခံ အဖုံးလုံးအောင်အုပ်ပြီး နှစ်နာရီခန့် ခဲအောင်ပေါင်းပါ.. နို့ကြက်ဥတို့ခဲပါက အအေးခံကာ မိမိနှစ်သက်သလို အသီးအနှံ နှင့် ဖြစ်စေ၊ မြေပဲနှင့် ဖြစ်စေ ထည့်ကာစာသုံးနိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T