(၁) သူတို့ကိုယ်တိုင်ဖုန်းသုံးစွဲခြင်းရဲ့ ဆိုးကျိုးတွေကိုသိလာအောင်လုပ်ပါ။ ရုပ်ပြဗီဒီယိုတွေနှင့် ဖုန်းစွဲလမ်းခြင်းရဲ့ အကျိုးဆက်တွေကို ကလေးတွေသေချာသိသွားအောင်ပြောပြပေးပါ။

(၂) ဖုန်းသုံးဖို့အချိန်ကိုကန့်သတ်ပေးထားပါ။ ကလေးအသက်အရွယ်နှင့်အဆင်ပြေမယ့်အချိန် သတ်မှတ်ပေးပြီးတော့ စည်းကမ်းသတ်မှတ်ပေးထားပါ။ စည်းကမ်းကိုသေချာလိုက်နာစေဖို့အတွက် ဆုပေးဒဏ်ပေးစနစ်ကိုအသုံးပြုပါ။

(၃) အိမ်အတွင်းမှာ ဒီဂျစ်တယ်မသုံးရတဲ့နေရာတစ်ခုသတ်မှတ်ထားပါ။ ဒါ့အပြင်ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ ဖုန်းကြည့်တာမျိုးကိုလုံးဝခွင့်မပြုပါနဲ့။ ဒီလိုကြည့်ခြင်းက ကလေးအိပ်ချိန်ကိုမှားယွင်းစေသလို ဖွံ့ဖြိုးကြီးထွားမှုကိုလည်းနောက်ကျစေပါတယ်။

(၄) ကိုယ်လက်လှုပ်ရှားရတဲ့အားကစားတွေနှင့် ဝါသနာတွေရှာဖွေပျိုးထောင်ပေးပါ။ လက်မှုအတတ်ပညာတွေလုပ်တာ ဒါမှမဟုတ် အားကစားလုပ်တာလိုမျိုးလှုပ်ရှားမှုတွေကိုအားပေးပြီး ဖုန်းသုံးစွဲချိန်ကိုလျော့နည်းအောင်လုပ်နိုင်ပါတယ်။

(၅) အရေးကြီးဆုံးအနေနဲ့ ကလေးအတွက်နမူနာကောင်းဖြစ်စေဖို့ မိဘတွေကိုယ်တိုင်ကဖုန်းသုံးတာကို ကန့်သတ်ဖို့လိုအပ်ပါတယ်။ ကိုယ်တိုင်နမူနာကောင်းပြသမှသာ ကလေးတွေကကိုယ့်စကားကိုနားထောင်မှာဖြစ်ပါတယ်။