အကောင်းမြင်တတ်ပြီးပျော်ရွှင်တဲ့ကလေးတွေကိုပျိုးထောင်နိုင်ဖို့ဆိုရင် မိဘတွေကိုယ်တိုင်ကစံနမူနာအဖြစ်ရှိနေဖို့လိုအပ်ပါတယ်။ မိဘတွေကိုယ်တိုင်က ဦးဆောင်ပြီး အကောင်းမြင်တတ်အောင်သင်ကြားပေးဖို့လိုအပ်ပါတယ်။ ကိုယ်တိုင်က ပျော်ရွှင်နေတဲ့သူမဖြစ်ရင် ဒီလိုပျော်ရွှင်နေတဲ့ကလေးတွေကိုပျိုးထောင်နိုင်ဖို့ခက်ခဲမှာဖြစ်ပါတယ်။

ပြီးတော့ ကလေးအများစုဟာပြဿနာတစ်ခုကိုကြုံတွေ့ရရင် ဖြေရှင်းဖို့မကြိုးစားဘဲလူကြီးတွေဖြေရှင်းပေးမှာကိုပဲ ငိုယိုပြီးစောင့်ကြလေ့ရှိပါတယ်။ ဒီလိုကလေးတွေမဖြစ်အောင် ငယ်ငယ်ကတည်းက ကလေးကိုပြဿနာတွေအတူတူဖြေရှင်းကူရင်း သူကိုယ်တိုင်ဖြေရှင်းလာနိုင်အောင် ကူညီပေးရပါမယ်။

တာဝန်သိစိတ်ကိုပါ ထည့်သွင်းပေးပြီး ကိုယ့်လုပ်ရပ်တွေကိုတာဝန်ယူနိုင်တဲ့သူဖြစ်စေဖို့လေ့ကျင့်ပေးရပါမယ်။ ကလေးတွေကိုအမှားလုပ်ခွင့်ပေးပြီး ပြန်လည်ပြင်ဆင်နိုင်တဲ့အခွင့်အရေးလည်းပေးဖို့လိုအပ်ပါတယ်။ ချီးကျုးပေးရမယ့်အချိန်မှာ သေချာချီးကျုးပေးတာကလည်း သူတို့စိတ်ကိုပိုပြီးပျော်ရွှင်လာစေမှာဖြစ်ပါတယ်။

ကလေးတွေအတွက် စည်းကမ်းသတ်မှတ်ဖို့ကိုတွေဝေနေဖို့မလိုဘဲ သူတို့နှင့်ညှိနှိုင်းပြီး ကိုယ်ပိုင်စည်းကမ်းတွေသတ်မှတ်ထားပါ။ ဆုပေးဒဏ်ပေးလိုမျိုး စနစ်တစ်ခုထားပြီး သူတို့ရဲ့အမူအကျင့်တွေကိုအကောင်းဖက်ရောက်လာအောင် ဆွဲခေါ်ပေးပါ။ နောက်ဆုံးအနေနှင့် ကလေးတွေကြောက်ရတဲ့မိဘမဟုတ်ဘဲ အားကိုးရတဲ့လုံခြုံမှုပေးနိုင်တဲ့မိဘတွေဖြစ်ပေးဖို့လိုအပ်ပါတယ်။
