ဆက်ဆံရေးတစ်ခုမှာအကြောင်းအရာတစ်ခုကြောင့် အမှားလုပ်မိသွားရင်တောင်းပန်ကြောင်းသိသာအောင်ပြသပေးဖို့လိုအပ်ပါတယ်။ ဒီလိုပြသပေးမှသာ ပြဿနာကိုတစ်ခါတည်းနဲ့ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
(၁) နောင်တရကြောင်းအမူအယာနှင့်ဖော်ပြပါ။ တစ်ချို့လူတွေဟာ တောင်းပန်နေကြောင်းပြောနေပေမဲ့ အသွင်အပြင်ကဂရုမစိုက်သလိုနေတတ်ပါတယ်။ ဒီလိုနေခြင်းဟာ စိတ်ရင်းနှင့်တောင်းပန်တာမဟုတ်ဘဲ အတုအယောင်တောင်းပန်မှုလို့ပဲ ထင်မြင်နေကြမှာပါ။

(၂) တာဝန်ယူမှုရှိပါ။ တောင်းပန်လိုက်ရုံနှင့်မပြီးဘဲ ကိုယ်လုပ်ခဲ့တဲ့အပြုအမူ ဒါမှမဟုတ် အမှားအတွက်တာဝန်ယူတတ်ခြင်းကသာ တစ်ကယ့်တောင်းပန်မှုဖြစ်မှာပါ။ တောင်းပန်စကားပြောနေပေမဲ့ လက်တွေ့တာဝန်ယူမှုမရှိဘူးဆိုရင် အတုအယောင်တောင်းပန်မှုပဲဖြစ်မှာပါ။

(၃) အခြေအနေကိုပြန်ထိန်းသိမ်းပါ။ ကိုယ့်အမှားကြောင့်ဖြစ်သွားတဲ့အခြေအနေတွေကို နဂိုအနေအထားလောက်ပြန်ဖြစ်သွားအောင် ကြိုးစားပြီးပြင်ဆင်ပါ။ အမှားကိုဝန်ခံပြီးတောင်းပန်တဲ့နောက်ဆက်တွဲမှာ ကိုယ့်အမှားကြောင့်ပျက်စီးသွားတဲ့အရာတွေကိုလည်း တတ်နိုင်သလောက်ပြန်ထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။

(၄) ခွင့်လွှတ်ပေးဖို့ပြောပါ။ တောင်းပန်ရုံနှင့်မပြီးဘဲ အမှားအတွက်ခွင့်လွှတ်မှုတောင်းခံဖို့ကိုပါလုပ်ဆောင်သင့်ပါတယ်။ အမှားလုပ်မိတဲ့သူဆီကနေ ခွင့်လွှတ်မှုတောင်းခံပြီးနားလည်ပေးတဲ့အထိ တောင်းပန်ကြောင်းပြသရမှာဖြစ်ပါတယ်။
