တစ်စုံတစ်ယောက်ကိုရင်ဖွင့်တိုင်ပင်တာမျိုးဟာ ကိုယ့်ရဲ့ခံစားချက်တွေကိုပိုပြီးတော့ကောင်းလာစေတဲ့အပြင်တစ်ခြားအကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ဒီလိုရင်ဖွင့်လိုက်ခြင်းအားဖြင့် တစ်ဖက်လူကကိုယ့်ကိုပိုပြီးနားလည်ပေးသွားနိုင်သလို ကိုယ့်ရဲ့ပြဿနာတွေကိုလည်း ကူညီပေးနိုင်ပါတယ်။
ဒါ့အပြင်တစ်ခါတစ်လေမှာ ကိုယ့်အတွက် ပြဿနာကြီးဖြစ်နေတဲ့ကိစ္စရပ်တွေဟာ တစ်ယောက်ယောက်ကိုရင်ဖွင့်တိုင်ပင်လိုက်တာနဲ့ အလိုလိုဖြေရှင်းပြီးသားတွေဖြစ်သွားတတ်ပါတယ်။ ဒီလိုလုပ်ခြင်းက ဆက်ဆံရေးတွေကိုလည်း ပိုပြီးတိုးတက်လာအောင်ကူညီပေးနိုင်ပါတယ်။
ရင်ဖွင့်တိုင်ပင်တာတွေဟာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုလည်း ပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအပြင် ကိုယ့်ကိုယ့်ကိုယ်ပိုနားလည်လာပြီး ရုပ်ပိုင်းဆိုင်ရာမှာပါကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်လာအောင်ကူညီပေးနိုင်ပါတယ်။ မတူညီတဲ့အမြင်နှင့်အတွေးအခေါ်တွေကိုလည်း ပိုနားလည်လာနိုင်သလို မတူတဲ့ရှုထောင့်တွေကနေလည်းပြဿနာရပ်တွေကိုချဥ်းကပ်တတ်လာမှာဖြစ်ပါတယ်။