ခရမ်းသီး အစာသွပ်ကြော်

//s9.kh1.co/b6/b6b7ba71535696452c324a87df3107e8c5209e16.jpg
MPT Lifestyle

 ၀၄-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

ခရမ်းသီးအစာသွပ်ကြော်


ခရမ်းသီးကို ဘယ်လိုချက်စားကြလဲ? ဒီတစ်ခါတော့ ခရမ်းသီးမကြိုက်တဲ့သူတွေတောင် ခံတွင်းတွေ့စေမဲ့ ခရမ်းသီး အစာသွပ်လေးကြော်စားကြရအောင်။ အရသာရှိပြီး စားနေကြပုံစံမဟုတ်လို့ အတူ လုပ်စားကြည့်ကြ ရအောင်လုပ်နည်းလေးပြောပြပေးမယ်နော်...

https://s9.kh1.co/__image/w=650,h=342,q=100/66/6602d7116eb6deaccc4ad808752e54f28f07a079.jpg

ပါဝင်ပစ္စည်းတွေကတော့-

ခရမ်းသီး

အသားတစ်မျိုးမျိုး

ဥနီ/ ကြက်သွန်မြိတ်

ကြက်ဥ/ ဂျုံမှုန့် အနည်ငယ် တို့ပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ff/ff4a7d169ff509a8e3c5d1195ae58ff3247e494e.jpg

(၁) ခရမ်းသီးကို ရေစင်အောင်ဆေးကာ အဝိုင်းထူထူလှီးပြီး အတွင်းမှအသားများကို အပြင်အခွံ အဝိုင်း ပုံမပျက်အောင်သေချာ ခြစ်ထုတ်ထုတ်ပါ  အသားကို ရေစင်အောင်ဆေးကာ တောက်တောက်စင်း ထားပါ။ မုန်လာဥနီကို အတုံးငယ်များလှီးပါ။ ကြက်သွန်မြိတ်ကိုလည်း ရေဆေးကာ နုတ်နုတ်လှီးပါ  အသား၊ ဥနီ၊ ကြက်သွန်မြိတ်၊ တို့ကို ပန်းကန်တစ်လုံးတွင်ထည့်ကာ ကြက်ဥ ၊ ဂျုံမှုန့် ၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ငရုပ်ကောင်းတို့ထည့်ကာ သမအောင်မွှေကာ အစာပြုလုပ်ထားပါ။

(၂) ဒယ်အိုးတွင် ဆီပါးပါးထည့်ကာ အသားများခြစ်ထုတ်ထားသော ခရမ်းသီးများကိုထည့် ပြီး ခရမ်းသီး၏အသာများခြစ်ထုတ်ထားသောနေရာတွင် သမအောင်မွှေထားသော အစာထည့်ကာ တစ်ဖက်ချင်းဆီ မကြာခဏ လှန်ကာ ရွေရောင်သန်းအောင်ကြော်ပါ။  ခရမ်းသီးတို့ ရွှေရောင်သန်း လာပါက ဆီစစ်ကာဆယ် ယူ ထားပြီး မိမိနှစ်သက်ရာ ဆောစ့် တစ်မျိုးမျိုးနဲ့ တွဲဖက်ကာသုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T