ဖက်ထုပ်ရွက် လုပ်နည်း

//s9.kh1.co/57/574cf0aa769b2862e902436d125198d646634a26.jpg
MPT Lifestyle

 ၀၄-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဖက်ထုပ်ရွက် လုပ်နည်း

ဖက်ထုပ်ကြိုက်ကြလား? ဖက်ထုပ်ကို ကြိုက်ပေမယ့် အပြင်က ဝယ်သုံးရတဲ့ ဖက်ထုပ်ရွက်တွေကို မသုံးချင်လို့ မစားဖြစ်တဲ့သူတွေကောရှိလား? ဒီတစ်ခါတော့ ကျန်းမာရေနဲ့လဲညီညွတ်ပြီး တာရှည်ခံဆေး မပါတဲ့ ဖတ်ထုတ်ရွက်လေးကို ကုန်ကျစရိတ်နဲနဲနဲ့ အိမ်မှာ အလွယ်လုပ်ရအောင် လုပ်နည်းလေးလာပြောပြတာဖြစ်ပါ တယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d4/d4682caab778ed6ebcdd0c8bd1a075130be74bb0.jpg

(၁) ဂျုံးမှုန့်ကို ဇကာနဲ့စစ် ကာ ကြက်ဥ၊ ဆားအနည်းငယ်၊ရေအနည်းငယ် ထည့်ကာ နှံ့အောင်နယ်ပါ ဂျုံတို့ နှံ့ကာ မပျော့ မမာ အနေ အထားရပါက လုံးထားကာ အပေါ်မှ အဝတ်စ သော်လည်ကောင်း ပလပ်စတ်အကြည်စ သော်လည်ကောင်း အုပ်ကာ မိနစ် သုံးဆယ်ခန့် နှပ်ထားပါ။

https://s9.kh1.co/__image/w=650,h=342,q=100/34/34aa6a76a8b638251924c854080e566c5bc89827.jpg

(၂) နှပ်ပြီး လုံးထားသော ဂျုံမှ သေးငယ်သော အလုံးငယ်များထပ်မံ၍ ခွဲကာလုံးပေးပါ  ဖက်ထုပ်ရွက် လုပ်မည့် စားပွဲ နဲ့ လုံးထားသော ဂျုံးလုံးလေးများ ပေါ်သို့ ဂျုံမှုန့်ဖြူး ထားပါ။ ဂျုံးလုံးတစ်လုံးချင်းဆီကို လက်ဖြင့် အနည်းငယ်ပြား ပြီး လှိမ့်တံ (သို့)ပိုက်လုံးဖြင့် မိမိနစ်သက်ရာ အဝိုင်း ပုံစံသော်လည်ကောင်း လေးထောင့်ပုံစံသော်လည်ကောင်းလှိမ့်ပါ  အထူအပါးကို မိမိနှစ်သက်သလိုပြင်ဆင်နိုင်ပြီး ဖက်ထုပ်ရွက် တစ်ရွက်ချင်းဆီကို ဂျုံမှုန့်ဖြူးကာ ထပ်ပြီး ရေခဲသေတ္တာ တွင်စနစ်တကျသိမ်းဆည်းကာ ကြာရှည်အသုံး ပြုနိုင်သောဖက်ထုပ်ရွက်လေးများရပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T