ဂုံးဆီပြန်စပ်စပ်လေး ချက်စားကြမယ်။

//s9.kh1.co/d2/d297b3f4e635d37e18bc9817d9f8978ab54df106.jpg
MPT Lifestyle

 ၀၄-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဂုံးဆီပြန်စပ်စပ်လေးချက်စားကြမယ်။

ဂုံးကို ဘယ်လိုချက်စားရတာကြိုက်ကြလဲ? လူအများကို ကတော့ ဂုံးချဉ်စပ်၊ ဂုံးသုပ် အစရှိသဖြင့် အမျိုးမျိုးလုပ်စားတာကို သတိထားမိပါတယ်... ဆီပြန်ချက်စားတာတော့ရှားပါးပါတယ်။ အဲဒါကြောင့် ဒီတစ်ခါတော့ ဂုံးကို ဆီပြန် အစပ်ချက်နည်းလေးပြောပြပေးမယ်နော်။ ချက်နည်းမပြောခင်ထုံးစံအတိုင်း ပါဝင်ပစ္စည်းတွေ ကတော့-

https://s9.kh1.co/__image/w=650,h=342,q=100/cc/cc505d835734abc1807a36dc5003870f0da40027.jpg

ဂုံး

ကြက်သွန်ဖြူ/နီ

ခရမ်းချဉ်သီး

ငရုပ်သီးစိမ်း

စပါးလင်

နံနံပင် တို့ပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/20/208a2086081fce1d076b316a15efb4466f1a77f2.jpg

ပထအနေနဲ့  စနစ်တကျကိုင်ထားသော ဂုံးကို ရေစင်အောင်ဆေးကာ ရေနွေးပွက်ပွက်ဆူတွင် ဆားအနည်းငယ်၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ထည့်ကာ မိနစ်အနည်းငယ်ပြုတ်ပြီးဆယ်ယူကာရေစစ်ထားပါ။ ကြက်သွန်ဖြူ/နီ ကိုတော့ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအရောင်မှုန့်တို့နဲ့ရော ကာ ညက်အောင်ထောင်းပါ နံနံပင်ကို ရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထားပါ ခရမ်းချဉ်သီးကိုလည်း အတုံငယ်များလှီးထားပါ။

ပါဝင်ပစ္စည်းများပြင်ဆင်ပြီးပါက ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ နီ တို့ နှင့် နနွင်းမှုန့် အနည်းငယ်ကို ဆီသတ်ပါ.  ကြက်သွန်အနံ့မွှေးလာပါက ခရမ်းချဉ်သီးထည့်ကာ အနှစ်ရသည် အထိဆီသတ်ပါ။ ခရမ်းချဉ်သီး အနှစ်ရပါက  ပြုတ်ထားသောဂုံးတို့ထည့်ကာ ဆား၊ အရသာမှုန့်၊ ငံပြာရည်၊ ခရုဆီ၊ရှာလကာရည် အနည်းငယ်ထည့်ကာ မိနစ် အနည်းငယ် ချက်ပြီး ရေအနည်းငယ် ထည့်ကာ ရေခမ်းပြီး ဆီပြန်လာကာ ဂုံးတို့ကျတ်သည်အထိချက်ပေးပါ။ ဂုံးတို့ကျက်ပါက  အရသာ အပေါ့ အငံမြည်းကာ နံနံပင်အုပ်ပြီးသုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T