ပန်းဂေါ်ဖီကြွပ်ကြွပ်မွမွလေး ကြော်စားမယ်

//s9.kh1.co/79/79b947537d388041a35ab215e7084d30c3d3594e.jpg
MPT Lifestyle

 ၀၄-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပန်းဂေါ်ဖီကြွပ်ကြွပ်မွမွလေး ကြော်စားမယ်။


ပန်းဂေါ်ဖီကို ဘယ်လိုလုပ်စားကြလဲ? ပန်းဂေါ်ဖီကို ကောကြိုက်ကြလား .ဒီဟင်းချက်နည်းလေး ကတော့ပန်းဂေါ်ဖီကို အမြဲကြော်စားနေရတာရိုးနေပြီး ဘယ်လိုလုပ်စားရမလဲမသိတဲ့သူတွေ အတွက် လုပ်စားလို့ရတဲ့ နောက်ထပ်နည်းလေးတစ်ခုပဲဖြစ်ပါတယ်။ပန်းဂေါ် ဖီ ကို ကြွပ်ကြွပ်လေးကြော်ပြီး အချဉ်လေးနဲ့ တို့စားရအောင် ကြော်တဲ့ ကြော်နည်းလေး ပြောင်းကြော်ကြည့်ရအောင်

https://s9.kh1.co/__image/w=650,h=342,q=100/28/283fd550cac8393fba54c49fafadbd14bb3f721b.jpg

ပါဝင်ပစ္စည်းတွေကတော့-

ပန်းဂေါ်ဖီ

အကြော်မှုန့်

ကြက်ဥ

ကြက်သွန်မြိတ် တို့ပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/9b/9b56cbf1bd61bebaad44c409dbe64319c8703269.jpg

ပထမနေနဲ့ ပန်းဂေါ်ဖီကို အနေတော် လှီးဖြတ်ကာ တုံးထားပါ လှီးဖြတ်ထားသော ပန်းဂေါ်ဖီကို  ဆားအနည်းငယ် ထည့်ကာ ရေဆူဆူတွင်မိနစ်အနည်းငယ်ပြုတ်ပြီး ရေစင်အောင်စစ်ထားပါ အကြော်မှုန့် ကို ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ငရုပ်ကောင်း တို့နှင့်ရေအနည်းငယ် ထည့်ကာ နယ်ပါ   ကြက်ဥကိုလည်း ဖောက်ထည့်ကာ မုန့်နှစ်တို့ခပ်ပြစ်ပြစ် ဖြစ်သည်အထိမွှေထားပါ။  ကြက်သွန်မြိတ် ကိုရေစင်အောင် ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ပြီး မွှေထားသောမုန့်နှစ်များထဲသို့ ထည့်ကာ ထပ်မွှေပါ

ဒုတိယအနေနဲကတော့ လှီးဖြတ်ထားသော ပန်းဂေါ်ဖီ ကို မွှေထားသောမုန့်နှစ်တွင်နစ်ကာ ဆီပူပူ တွင်ကြော်ပါ ပန်း‌ဂေါ်ဖီ တို့ ရွေရောင်သန်းကာရဲလာပါက ဆယ်ယူပြီး ဆီဆစ်ထားပါ ပြီးနောက် အအေးခံထားကာ  မိမိနှစ်သက်ရာ အချဉ်နှင့်တွဲဖက်ကာသုံးဆောင်နိုင်ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T